Movie Category 5

Latest Post

Showing posts with label မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ. Show all posts
Showing posts with label မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ. Show all posts

ဘားကမ့်ပခုက္ကူကျင်းပမည်

Written By Myanmar Youths Technology Group on Friday, September 30, 2016 | September 30, 2016

ပခုက္ကူမြို့၏ တတိယအကြိမ်မြောက်ဘားကမ့်ကို စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘားကမ့်ကို အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ကျင်းပမည်ဖြစ်ပြီး အမှတ် ၃ အလယ်တန်းကျောင်း၊ ပခုက္ကူတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ နည်းပညာဆိုင်ရာအကြောင်းအရာများ အပါအဝင် ဒေသဆိုင်ရာအကြောင်းအရာများကို အသိပညာဝေမျှကြမည်ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ အသိပညာဝေမျှလိုသူများအား ဖိတ်ခေါ်ထားသည်။ ပခုက္ကူ အနေဖြင့် တတိယအကြိမ် ဖြစ်ပြီး နည်းပညာတက္ကသိုလ် ပခုက္ကူ တစ်ကြိမ်လုပ်ခဲ့ဖူးကာ စုစုပေါင်းလေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

 

Credit – Internet Journal

 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မကွဲအက်နိုင်သည့်စမတ်ဖုန်းမှန်ကိုသိပ္ပံပညာရှင်များတီထွင်နိုင်ပြီ

Written By Myanmar Youths Technology Group on Wednesday, September 14, 2016 | September 14, 2016

လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးမှာ ရေပန်းအစားဆုံး စမတ်ဖုန်းက iPhone 7 ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် iPhone 7 ပြုတ်ကျရင် ကွဲမလား/ မကွဲဘူးလားဆိုတာ လောင်းကြေးထပ်ပြီး လောင်းလို့ရပါတယ်။ သေချာပေါက် ကွဲအက် ပါလိမ့်မယ်။

ဒါပေမယ့် ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ လုံးဝ မကွဲအက်နိုင်တဲ့ စမတ်ဖုန်းမှန်ကို ဖန်တီးလိုက်နိုင်ပြီ ဖြစ်ပါတယ်။ သူတို့ ဖန်တီး ထားတဲ့ မကွဲအက်နိုင်တဲ့ မှန်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စမတ်ဖုန်းများ၊ တီဗွီများမှာ အသုံးပြု လာနိုင်ပါတယ်။

သူတို့ဟာ လျှပ်ခေါင်းသစ်ကို အသုံးပြုပြီး မကွဲအက်နိုင်တဲ့ မှန်ကို ဖန်တီးနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ Graphene ပါဝင်တဲ့ Silver Nanowires ကို အခြေခံပြီး ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ Nanowires က သေးငယ်ကျစ် လစ်ပြီး ဟန်ချက်ညီညီ လုပ်ဆောင်နိုင် တာကြောင့် ကျိုးအက်ခြင်းမရှိပါဘူး။

ဆူဆက်စ်တက္ကသိုလ်မှ ရူပဗေဒပညာရှင်တွေဟာ အောက်စဖို့ဒ်မှ မိုက်ခရိုက်အီလက်ထရစ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး လုပ်ဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းဟာ စမတ်ဖုန်းအသုံးပြုသူတွေအတွက် အင်မတန်ကြီးကျယ်တဲ့ သတင်းကောင်းတစ်ခု ဖြစ်နေပါတယ်။ မကြာသေးမီက စစ် တမ်းပြုစုမှု တစ်ခုအရ လူသုံးဦးမှာ တစ်ဦးက စမတ်ဖုန်း ပြုတ်ကျဖူးကြောင်း တွေ့ရှိရပါတယ်။ လက်ရှိ အဆင့်မြင့် စမတ်ဖုန်းတွေမှာ အ သုံးပြုနေတဲ့ Gorilla Glass 5 မှန်ဟာ ငါးပေအမြင့်ကနေ မတော်တဆ ပြုတ်ကျတာကို ၈၀ ရာခိုင်နှုန်း ခံနိုင်ရန် ရှိပါတယ်

Ref-www.inmya.com



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246