Movie Category 5

Latest Post

Showing posts with label firmwareတင်နည်း. Show all posts
Showing posts with label firmwareတင်နည်း. Show all posts

MI Devices Fastboot Firmware Flashing Guide !

Written By Myanmar Youths Technology Group on Monday, September 5, 2016 | September 05, 2016

ကဲ…….. Xiaomi Devices တွေထဲကမှ ” MI Phone ” တွေက

အခုနောက်ပိုင်း လူကြိုက်များလာတာနဲ့ အမျှ အသုံးပြုသူတွေ ကလိတာပဲဖြစ်ဖြစ်

ကိုယ့်ဘာသာကို ပြုပြင်တာပဲဖြစ်ဖြစ် အခန့် မသင့်ရင် Firmware ပျက်တတ်ပါတယ်

အဲ့လိုပျက်လာတဲ့အခါမှာ တချို့ ဖုန်းတွေမှာတော့ Battery အရှင်ဖြစ်နေတော့ ကိစ္စမရှိပါဘူး

သူနဲ့ သက်ဆိုင်တဲ့ Rom.zip လေးတွေဒေါင်းပြီး SD Card ထဲထည့်ပြီး Recovery mode ကနေ

တင်ယုံပါပဲ Battery အသေဖုန်းတွေမှာ တိုင်ပတ်တာပါပဲ SD Card လည်း စိုက်မရ Zip ဖိုင်ကိုလည်း

ပေးမတင် ဒုက္ခရောက်ကြရော……. ကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့

အဲ့လို Battery အသေဖြစ်ပြီး Internal Storage ပဲပါတဲ့ဖုန်းတွေရေးနည်းလေးပါ

ကျွန်တော်လည်း သူ့ ဆိုက်မှာပြောတဲ့ အတိုင်းလိုက်လုပ်ကြည့်တာ အဆင်မပြေတော့

လိုက်ရှာ လိုက်လုပ်ရင်းနဲ့ တွေ့ ရှိလာတာပါ အားလုံးကို သိစေချင်လို့ ပြန်လည်

ဝေမျှပေးချင်လို့ ပါ 
 

ကဲ….. အရင်ဆုံး ကိုယ့်ဖုန်းနဲ့ သက်ဆိုင်တဲ့ Fastboot Firmware လေးတွေကို

ဒီလင့်မှာသွားရောက်ကြည့်ရှု့ ဒေါင်းလိုက်ကြပါဗျာ….. >>>>> ( Link ) <<<<<

ပြီးရင် Fastboot ကနေရေးဖို့ အတွက် Tool လေးကို ဒီလင့်မှာဒေါင်းပါ

>>>> ( Fastboot Tool ) <<<<

ပြီးရင် Flashing Tool ကိုသွင်းပါ ဒီလိုကောင်လေးကိုဖွင့်ပါ …

 

 

ပြီးရင် ကိုယ်ဒေါင်းလာတဲ့ Example : cancro_images_KXDCNBH34.0_4.4_cn_e0a92a2a26.tar

အဲ့ကောင်လေးကို ဖြည်ပါ ပြီးရင် အထဲမှာ ဖိုင်လေးတဖိုင်ရှိနေပါလိမ့်မယ် အဲ့ကောင်လေးကို

7zip နဲ့ သုံးပြီးထပ်ဖြည်ပေးပါ အဲ့ဒါဆို ဖိုင်တွေထပ်ထွက်လာပါလိမ့်မယ်

ပြီးရင် ခုနက ဖွင့်ထားတဲ့ MiFlash tool က Browse အောက်က Advance ထဲမှာ ရွေးပေးပါ ဒီလိုလေးပေါ့

 

အဲ့မှာ ထိပ်ဆုံးက flash all except storage.bat ဘေးက browse ထဲကနေ ခုနက ကျွန်တော်တို့ 

ဖြည်ထားတဲ့ 7zip နဲ့ ဖြည်ထားတဲ့ အထဲက flash all.bat ဖိုင်လေးကိုရွေးပြီး OK ကိုနှိပ်ပေးပါ

ပြီးရင် ဖုန်းကို Vol Down နဲ့  Power Button ကိုနှိပ်ပြီး Fastboot Mode ကိုဝင်ပါ ပြီးရင်

ကွန်ပြုတာမှာထိုးပေးပါ

အဲ့ဒါဆို ကွန်ပြုတာမှာ ဒီလိုလေးပေါ်လာပါလိမ့်မယ် မပေါ်ဘူးဆို Refresh ဆိုတာလေးနှိပ်ပေးလိုက်ပါ

 

 

ပြီးရင် Browse ဆိုတဲ့ ခလုပ်လေးနှိပ်ပြီး ကိုယ်ဖြည်ထားတဲ့ 7Zip နဲ့ ဖြည်ထားတဲ့ ဖိုဒါလေးရွေးပေးလိုက်ပါ

အဲ့ဒါဆို ကျွန်တော်ပြထားတဲ့အတိုင်းလေးပေါ်လာပါလိမ့်မယ် ပြီးရင်တော့ Flash ဆိုတာလေးနှိပ်လိုက်ပါ

ဒါဆို သူ့ ဟာသူ အကုန်လုံးလုပ်ဆောင်သွားပါလိမ့်မယ် ….အားလုံးပြီးဆုံးသွားရင်တော့

မိမိတို့ ဖုန်းလေးဟာ Fastboot Firmware Flashing ပြီးဆုံးသွားပါပြီ…

စာနည်းနည်းရှည်သွားတာတောင်းပန်ပါတယ် ကျွန်တော်နားလည်သလိုလေးရေးပေးထားပါတယ်

အမှားရင်တောင်းပန်ပါတယ်ဗျာ……. အားလုံးအဆင်ပြေကြပါစေဗျာ….

Ref-MPPG
credit-nyipaing

 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246