Movie Category 5

Latest Post

Showing posts with label knowledges. Show all posts
Showing posts with label knowledges. Show all posts

အင်တာနက်ကိုOfflineသုံးသည့်အခါ

Written By Myanmar Youths Technology Group on Monday, September 26, 2016 | September 26, 2016

ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

အင်တာနက်ဆိုသည်မှာ လိုင်းချိတ်ထားမှ သုံး၍ရသော အရာဖြစ်သည်။ Webpage များသိမ်းထားပြီး ပြန်ခေါ်ကြည့်လျှင် Offline  ကြည့်၍ရသော နည်းလမ်းရှိသည်။ သို့သော် အချို့ browser များတွင် Offline  ဟူသော mode  ရှိသည်။ ထို mode  ဖြင့် အချို့သော web content များကို Offline ကြည့်ကြပါမည်။

Chrome Browser

Chrome Browser တွင် Offline mode က built in ပါဝင်ပြီး ဖြစ်သည်။ သို့သော် အကြောင်းမသိလျှင် မည်သည့်နေရာ၌ ရှာရမှန်းပင်သိမည် မဟုတ်။ Offline mode ကို activate  လုပ်ရန် ဦးစွာကြိုးစားကြပါမည်။ ထိုသို့ပြုလုပ်ရန် Chrome browser ကို ဦးစွာခေါ်တင်ပါမည်။ ပြီးလျှင် address bar နေရာ၌ Chrome://flags ကို ရိုက်ထည့်ပြီး enter  ခေါက်ပါမည်။ Show saved copy button entry ကို ရှာပါမည်။ ပြီးလျှင်ကျလာသော drop-down menu မှနေ၍ Enable : Primary ကို ရွေးပါမည်။ ပြီးလျှင် Relaunch now ကို ရွေးချယ်ပြီး chrome ကို restart  လုပ်ပါမည်။

နောက်အချိန်တွင် အင်တာနက်အသုံးပြုသူ Offline ၌ရှိနေသည့် အခါ ယခင်သွားခဲ့ဖူးသော Website ကို ပြန်ကြည့်ရန်ကြိုးစားနိုင်သည်။ ထိုကိစ္စအတွက် show saved cpoy button ကို တွေ့အောင်ရှာရပါမည်။ ယင်း button ကို ကလစ်နှိပ်လိုက်လျှင် Chrome သည် Cache ထဲတွင် သိမ်းဆည်းထားသော ယခင် Website  အဟောင်းကို ဆွဲတင်လာပါမည်။ ထိုသို့အသုံးဝင်မှုရှိသည့်အတွက် Offline mode ကိုသုံးမည်ဆိုလျှင် Windows built in tool ဖြင့်ဖြစ်စေ C Cleaner ဖြင့်ဖြစ်စေ Cache ကိုရှင်းထုတ်လိုက်လျှင် webpage များကို browser က ပြန်လည်ခေါ်တင်နိုင်သည့် အခွင့်အရေးဆုံးသွားပါမည်။ Offline ကြည့်ခြင်းနှင့် saved page ကြည့်ခြင်း၏ ကွာခြားချက်မှာ Offline mode သည် အမြဲတစေ webpage အင်္ဂါအပြည့်အစုံကို ကြည့်နိုင် ခြင်းဖြစ်ပါသည်။

Offline mode ကိုသုံးသည့်နည်းတူ Offline Auto-Reload mode ကို အသုံးပြုခြင်းသည်လည်း အကျိုးရှိပါ သည်။ ယင်း mode သည်လည်း chrome browser တွင် built-in ပါဝင်လာပါသည်။ ယင်းကိုလည်း Chrome flags မှတစ်ဆင့်သွားနိုင်ပါသည်။ ထိုအခါတွင် browser ပြန်ဖွင့်လိုက်ပါက offline load မပေးနိုင်သော webpage များ အလိုအလျောက် တက်လာပါမည်။ reloaded page များ အလွန်တရာရှုပ်ပွနေခြင်းမှ ကာကွယ် ရန် only Auto-Reload Visible tabs ကို ရွေးချယ်ပေးထားရပါမည်။

Firefox 

Chrome မှာကဲ့သို့ပင် Firefox သည်လည်း webpage များကို cache ထဲတွင် သိမ်းဆည်းထားနိုင်သည်။ ထိုသို့ သိမ်းဆည်းထားသော web-page များကိုပြန်လည်ဆွဲတင်ပြီး မူရင်းအတိုင်းပြသပေးနိုင်သည်။ Work Offline mode ကို on ထားမည်ဟုဆိုလျှင် အင်တာနက်ပိတ်လိုက်ချိန်၌ပင်လျှင် ယခင်သွားခဲ့ဖူးသော webpage များကို မူရင်းအတိုင်း ကြည့်နိုင်ပါသည်။ ယင်း mode ကို on မည်ဟုဆိုလျှင် browser ၏ အပေါ်ညာဘက် ထောင့်တွင်ရှိသော မျဉ်းကြောင်းသုံးကြောင်းထပ်ထားသည့် button တွင် ခလုတ်နှိပ်ပါ။ ပြီးလျှင် developer button ကို ရှာ၍ ကလစ်နှိပ်ပါ။ 

Menu ဖွင့်လာလျှင်အောက်ခြေပိုင်းတွင် Work offline ဟူသော option ကို တွေ့ရပါမည်။ Offline ၌ ရှိနေချိန်တွင် ယင်း option ကို ရွေးချယ်ပါ။ မိမိယခင်က ဝင်ထွက်သွားလာဖူးသော website ရှိသည့်အခါ ယင်းကို Firefox က သိမ်းဆည်းထားသည့် မူရင်းပုံစံအတိုင်းပြသပေးပါမည်။ ထိုသို့ webpage များကို offline ပြန်ခေါ်တင်မည်ဆိုလျှင် cache က အရေးကြီးပါသည်။ Firefox ၏ offline mode ကိုအသုံးပြုမည်ဟု စိတ်ကူး ရှိပါက Chrome browser မှာကဲ့သို့ပင် browser cache များကို ရှင်းလင်းမပစ်ရန် လိုအပ်ပါသည်။

Wikipedia

Wikipedia သည် အသေးစိတ်နှိုက်နှိုက်ချွတ်ချွတ်ရေးထားသော ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးသန်းချီ၍ စုဝေး တည်ရှိသည့်နေရာဖြစ်သည်။  မည်သည့်ပညာရပ်နှင့်သက်ဆိုင်သည်ဖြစ်စေ မိမိလိုသောအကြောင်းအရာတစ်ခု ကို ရှာမတွေ့ဆိုသည်မှာ အလွန်ရှားသည်။ Android အတွက် ပေးထားသော အွန်လိုင်းစွယ်စုံကျမ်း Android Wikipedia app နောက်ဆုံးထွက် version တွင် ဆောင်းပါးများကို သိမ်းဆည်းထားနိုင်သော save option ကို ထည့်ပေးထားပါသည်။ ယင်းက မိမိ offline ဖတ်ရှုလိုသော ဆောင်းပါးများကို offline  ပြန်လည်ဖတ်ရှုနိုင်ရန် သိမ်းထားခွင့်ပြုပါသည်။ Download ချသည့်သဘောဖြစ်ပါသည်။ 

ရိုးရိုး download နှင့် ကွာခြားသည့်အချက်မှာ ဆောင်းပါးများအား သက်ဆိုင်ရာဘာသာရပ်အလိုက်တစ်စု တစ်စည်းတည်း သိမ်းဆည်းထားနိုင်ခြင်းဖြစ်ပါသည်။ Reading list ခေါင်းစဉ်ဖြင့် သိမ်းဆည်းထားနိုင်သော အကြောင်းအရာများတွင် Technology, Entertainment  history နှင့် အခြား ခေါင်းစဉ်များစွာ ပါဝင်ပါသည်။ ထို့ကြောင့် ယာဉ်ကြောကြပ်၍ ကားပေါ်တွင်ပိတ်မိနေသည့်အခါတွင်ဖြစ်စေ၊ မိုဘိုင်းဖုန်းလိုင်းမမိ၍ အင်တာ နက်မရသည့်အခါဖြစ်စေ ပျင်းရိနေရန် အကြောင်းမရှိတော့ပါ။ Andorid ဖုန်းထဲမှမိမိစိတ်ဝင်စားသည့် Wikipedia ဆောင်းပါးတစ်ပုဒ်ကို ကောက်ဖတ်နေရုံသာရှိပါတော့သည်။

Andorid

မိမိ၏ Android ဖုန်း (သို့မဟုတ်) တက်ဘလက်ထဲတွင် Webapge များအား သိမ်းဆည်းဖတ်ရှုရေးသည် browser တိုင်းတွင် အခွင့်အလမ်း မရှိပါ။ အင်တာနက်ကနှေးပြီး လိုင်းမငြိမ်သည့်အခါ webpage များကို တွေ့ရဖို့ ခက်ခဲပါသည်။ Webpage များကို သိမ်းပြီးကြည့်လိုလျှင် Opera နှင့် Opera mini browser များရှိသည်။ ယင်းအပြင် Webpage များကို offline တွင်ဖတ်ရှုနိုင်ရန် offline browser ကလည်း အထောက် အကူပေးနိုင်သည်။ 

Offline browser ကိုအသုံးပြုရသည်မှာ အလွန်လွယ်သည်။ ယင်း app က တောင်းဆိုသည့် permission ထဲတွင် မိမိ၏ Photo, media နှင့် ဖိုင်များအား access လုပ်ခွင့်ပါဝင်သည်။ ယင်းမှာလည်း အွန်လိုင်း content  များကို မိမိ device ထဲတွင် နေရာတကျ သိမ်းဆည်းပေးနိုင်ရန်အတွက်သာ ဖြစ်ပါသည်။ ယင်း app က နောက်မှလိုက်ပြီး သိမ်းဆည်းပေးမည့် link အရေအတွက်ကို မိမိက ရွေးချယ်နိုင်သည်။ မိမိ၏ data  ပမာဏကို ချွေတာနိုင်ရန်အတွက် ယင်းသည်ကြော်ငြာများ၊ ဗီဒီယိုများနှင့် social media widget များကို download တွင် ချန်လှပ်ထားခဲ့ပါမည်။ သက်ဆိုင်ရာဆောင်းပါးနှင့် သက်ဆိုင်ရာပုံများကိုသာ သိမ်းဆည်းပေးပါမည်။

Offline browser  ကိုသုံးမည်ဆိုလျှင် ယင်းကို Android ဖုန်း (သို့မဟုတ်) တက်ဘလက်တွင် intstall လုပ်ပြီးနောက် ခေါ်တင်ရပါမည်။ မည်သည့် အရာကိုမှ သိမ်းထားခြင်းမရှိသေးသဖြင့် blank screen ကို မြင်ရပါမည်။ အစိမ်းရောင်+လက္ခဏာလေးအား နှိပ်လိုက်ပါက မိမိ offline ကြည့်လိုသော webpage ကို ပေါင်းထည့်ပေးပါမည်။ မိမိသိမ်းလိုသော page လိပ်စာကို ရိုက်ထည့်ပေးပါ။ ပြီးလျှင် ခေါင်းစဉ်အမည်တစ်ခု ပေးပါ။ Image များထည့်ပြီး သိမ်းမည်၊ မသိမ်းမည်ကို ရွေးပေးပါ။ Link မည်မျှအထိ တစ်ပြိုင်တည်းချိတ်ပြီး သိမ်းမည်ကို ရွေးပေးရပါမည်။ အမြန်နှုန်းကောင်းလျှင် Link အများဆုံး ငါးခုအထိ ရွေးခြင်းက download မြန်စေပါသည်။ ပြီးလျှင် အစိမ်းရောင်ဖြင့် ပေါ်လာသော save ကို နှိပ်ပေးရပါမည်။ မိမိ သိမ်းလိုသော website တိုင်းအတွက် တစ်ကြိမ်စီ ဤသို့ပြုလုပ်ပေးရန် လိုပါသည်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Hackerအကြောင်းသိကောင်းစရာ

Written By Myanmar Youths Technology Group on Saturday, September 24, 2016 | September 24, 2016


၁။ (က) Hacker ဆိုသည်မှာ

 

Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

 

White Hat

 

White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။

 

Black Hat

 

Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

 

Grey Hat

 

Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

 

၁။ (ခ) Hacker အဆင့်အတန်းများ

 

Script Kiddies

 

Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

 

Intermediate Hacker

 

Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

 

Elite Hacker

 

နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။

၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

 

လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။

၂။ Password အကြောင်းသိကောင်းစရာ

 

Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။

ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

 

Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း

 

Social Engineering

 

အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။

မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။

 

Shoulder Surfing Attack

 

Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

 

Guessing Attack

 

များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

 

Dictionary Attack

 

Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။
Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။

 

Brute Force Attacks

 

Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။

 

Credit - Original Writer

.


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ရာမှာ သိသင့်သည့်အချက်များ

Written By Myanmar Youths Technology Group on Wednesday, September 21, 2016 | September 21, 2016

ဖုန်းတစ်ခု နှင့် ဓာတ်ပုံရိုက်ရတာဟာ အင်မတန် လွယ်ကူတဲ့ အလုပ်တစ်ခုပါ။ Auto-Mode ထားပြီး Click တစ်ချက်နှိပ်လိုက်ယုံနဲ့ ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ခု ရရှိနိုင်ပါပီ။ ခုဖော်ပြပေးမယ့် အကြောင်းအရာ  တွေကတော့  ဖုန်းတစ်ခု ဖြင့် Professional ဆန်ဆန် ဓာတ်ပုံ ကောင်းကောင်းတွေရဖို့ ဘယ်လိုပြုလုပ်ရမယ့် ဆိုတဲ့ အချက်တွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

 

<>Lens များကို အမြဲ သန့်ရှင်းရေးလုပ်ခြင်း

 

ဓာတ်ပုံတစ်ပုံကိုစရိုက်တော့မယ်ဆိုရင်ဖုန်း ကင်မရာ၏ Lens များကိုအရင်ဦးစွာစနစ်တကျသန့်ရှင်းရေးပြုလုပ်သင့်ပါသည်။ Len တွေဟာဖုန်းတွင်အလွယ်တကူ ဖုန်တက်လွယ်တဲ့အပိုင်းမှာရှိနေတာကြောင့်၎င်းဖုန်များသည်ဓာတ်ပုံရိုက်ရာတွင်အနှောက်အယှက်တစ်ခုကဲ့သို့ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပုံတစ်ပုံ ရိုက်တော့မယ်ဆိုရင် Len တွေကို အဝတ်စ(အင်္ကျီ) တစ်ခုခုဖြင့် ပွတ်ကာ သန့်ရှင်းရေး ပြုလုပ်သင့်ပါသည်။

 

<>Set the Focus

 

ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ အခါမှာ ဒီအတိုင်းရိုက်လိုက်တာထက်စာရင်  မရိုက်ခင်အချိန်လေးအတွင်းမှာ ကိုယ်ရိုက်ချင်တဲ့ ၊ ပေါ်စေချင်တဲ့ Object ကို   phone screen ပေါ်မှာ လက်နဲ့ ဖိ  focus ယူပြီးမှ ရိုက်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိစေပါတယ် ။

 

<>Flash ကို လိုသည်ထက် ပိုမိုအသုံးမပြုခြင်း

 

DSLR ကင်မရာများတွင်ပင် Flash Function သည်မဖြစ်မနေအနေအထားတွင်သာအသုံးပြုရန်ထည့်သွင်းထားတာဖြစ်ပါတယ်။ကျနော်တို့ဟာဓာတ်ပုံရိုက်တဲ့နေရာမှာသဘာဝပုံတွေဖြစ်နေဖို့အတွက် Flash အသုံးပြုခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ SmartPhone တွေမှာပါဝင်တဲ့ LED Flash Light တွေကိုအသုံးပြုသင့်တဲ့အချိန်ရှိပါတယ်၊အဲတာကတော့သဘာဝအလင်းရောင်မလုံလောက်တဲ့နေရာတွေမှာပဲဖြစ်ပါတယ်။

 

<>Zoom အသုံးပြုပြီး အမြဲမရိုက်ပါနှင့်

 

Digital Zoom စနစ်သည် Smartphone ဖြင့်ဓာတ်ပုံရိုက်ရာမှာအဆိုးရွားဆုံးပုံများထွက်စေတယ်ဆိုပြီးနာမည်ကြီးတဲ့ Feature တစ်ခုပါ။မဖြစ်မနေ Zoom ဆွဲပြီးရိုက်ရတော့မယ်ဆိုလျှင်တော့ပုံမှန်အတိုင်းအရင်ရိုက်ပြီးမှာ ဓာတ်ပုံကို Crop လိုက်ခြင်းက Zoom ဆွဲပြီးရိုက်ခြင်းထက် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။

 

T<>he Rule Of Third

 

Rule of Third  ဆိုတာက   မှာ ရိုးရိုးစင်းစင်းနဲ့ အသုံးများတဲ့ photo technique  ဖြစ်ပါတယ် ။   ကင်မရာsetting မှာပါတဲ့ Grid line option ကို on ပေးလိုက်ပါ ။ ဒါဆိုရင် camera screen မှာလိုင်း ၂ ခုစီ အပေါ်အောက်တားထားတဲ့ ပုံစံကိုတွေ့ရမှာပါ ။ သီအိုရီ တွေအရ ကိုယ် focus ထားပြီးရိုက်မဲ့  subject ကို အဲ့ဒီ့ လိုင်းတွေဆုံတဲ့နေရာမှာထားပြီးရိုက်ရင် ဓာတ်ပုံဟာ ပိုပြီးကြွစေတယ်လို့ဆိုပါတယ် ။

 

<>Use HDR Mode

 

HDR Mode သည်ရွေ့လျားခြင်းမရှိ၊တည်ငြိမ်နေသောဓာတ်ပုံများကိုရိုက်ယူရာမှာအကောင်းဆုံး Mode တစ်ခုဖြစ်ပါသည်။သို့သော်၎င်း Mode ဖြင့်ရို်က်မည်ဆိုလျှင်လက်ငြိမ်ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ HDR (high dynamic range) သည်ဓာတ်ပုံ၏အလင်းအမှောင်အရိပ်စသည်တို့ကိုအကောင်းဆုံးနှင့်အလိုက်ဖတ်ဆုံးဖြစ်အောင်တစ်ခါတည်းပြုလုပ်ပေးမှာဖြစ်ပါသည်။ HDR Mode ဖြင့်ဓာတ်ပုံရိုက်လျှင်၊တစ်ခါရိုက်လျှင်ပုံနှစ်ခုထွက်မည်ဖြစ်ပြီးပထမတစ်ပုံမှာသာမန်ဖြစ်ပြီး၊နောက်တစ်ပုံတွင်၎င်းပုံနှင့်အလိုက်ဖတ်ဆုံးအနေအထားရောက်အောင်ထိန်းညှိပေးမှာပဲဖြစ်ပါတယ်။

 

<>Filters များအသုံးပြုခြင်း

 

လူအတော်များများဟာဓာတ်ပုံရိုက်ပြီးလျှင်ပိုမိုလှပစေရန်အတွက် Filter လေးတွေထည့်ကာအလှဆင်တတ်ကြပါသည်။၎င်း Filter များမှာသာမန် Smart Phone များတွင် Auto ပါဝင်ပြီးဖြစ်ပြီး၊မပါဝ်ငသောဖုန်းများအတွက်တော့ Pixlr Application သည်အကောင်းဆုံး Application တစ်ခုပါ။

 

<>ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပြီးဓာတ်ပုံရိုက်ခြင်း

 

သင့်မှာရောင်ပြန်ပါတဲ့နေကာမျက်မှန်တစ်ခုသာရှိမယ်ဆိုရင်တော့၊ ပိုမို ကောင်းမွန်တဲ့ ရှုခင်းမျိုးရရန်အတွက် ၄င်း နေကာမျက်မှန်ကို အသုံးပြုသင့်ပါတယ်။

 

<>Use Panorama mode

 

ရှုခင်းကောင်းကောင်း မြင်ကွင်းကျယ်ကျယ်နေရာတွေကို Landscape ပုံစံမျိုး ရိုက်မယ်ဆိုရင် Panorama mode ကိုသုံးပြီးရိုက်သင့်ပါတယ် ။

Smartphone ဖုန်းတစ်လုံး မဝယ်ယူခင်သိထားသင့်တဲ့အချက်များ

 

Credit – Original Uploader

 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ကိုယ့်ရဲ့ဖုန်းကိုတစ်ညလုံးအားသွင်းထားသင့်သလား?

Written By Myanmar Youths Technology Group on Sunday, September 11, 2016 | September 11, 2016

ကျွန်တော်တို့အနေနဲ့ ညဘက်မှာ ဖုန်းကို အားကုန်ခါနီးအထိအသုံးပြုကြပြီး အိပ်ခါနီးမှာမှ ဖုန်းကို အားသွင်းပြီး စိတ်ချလက်ချ အိပ်တတ်ကြပါတယ်။ နောက်တစ်နေ့မနက်ကျရင်တော့ အားအပြည့်ဖြည့်ထားတဲ့ ဖုန်းကိုပြန်သုံးတတ်တဲ့ အကျင့်ကတော့ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအတော်များများမှာရှိပါတယ်။ ဒီလိုမျိုး ဖုန်းကို တစ်ညလုံးအားသွင်းထားတာဟာ ကိုယ့်ရဲ့ ဖုန်းဘက်ထရီအတွက်ရော ကောင်းမွန်စေပါ့မလားဆိုတာကတော့ စဉ်းစားစရာပဲဖြစ်ပါတယ်။ ဒီအကျင့်က ကောင်းလား ၊ မကောင်းလားဆိုတာကတော့ တိတိကျကျသိသင့်ပြီထင်ပါတယ်။

ဖုန်းကို တစ်ညလုံးအားသွင်းထားတတ်တဲ့ အကျင့်ကတော့ ဖုန်းဘက်ထရီအတွက် ချက်ချင်းဆိုသလို ဆိုးဝါးတဲ့ အဖြစ်အပျက်တွေကို ယူဆောင်လာပေးမှာတော့မဟုတ်ပါဘူး။ ဖုန်းဘက်ထရီတိုင်းဟာ အားအပြည့်ဖြစ်လာတဲ့အချိန်မှာ မလိုတော့တဲ့ လျှပ်စီးကြောင်းတွေကို ဘက်ထရီထဲကို မဝင်တော့အောင် ကာကွယ်ပေးနိုင်ပြီး Overcharge မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ချက်ချင်းဆိုသလိုတော့ ဖုန်းဘက်ထရီကို ထိခိုက်နိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း ကျွန်တော်တို့ဖုန်းတွေမှာ လောလောဆယ်အသုံးပြုလျက်ရှိနေတဲ့ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေဟာ ဖုန်းအားပြည့်တဲ့အထိ ဘာပြဿနာမှမဖြစ်ပေမယ့်လည်း နောက်ထပ်မလိုအပ်ပဲ ဝင်လာတဲ့ လျှပ်စီးကြောင်းတွေနဲ့ ထိတွေ့မှုရှိလာချိန်မှာတော့ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေဟာ ရှော့ခ်ရှိလာပါတယ်။ မလိုတဲ့ လျှပ်စစ်တွေကြောင့် ဖုန်းအပူချိန်မြင့်တက်လာမှုနဲ့အတူ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေထဲမှာလည်း ဆဲလ်ဓာတ်တိုးခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်ရပ်တွေက ကြာလာတဲ့အချိန်မှာတော့ ဖုန်းဘက်ထရီရဲ့ သက်တမ်းကို ကျဆင်းစေပြီး ဘက်ထရီလဲလိုက်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် ဖုန်းကိုတစ်ညလုံးအားသွင်းထားတာဟာ ကြာလာတဲ့အချိန်မှာတော့ ဖုန်းအတွက်ကောင်းကျိုးမရှိနိုင်ပါဘူး။ နောက်ထပ်တစ်ချက်အနေနဲ့တော့ ဖုန်းဘက်ထရီသက်တမ်းကို ၅၀ နဲ့ ၈၀ ကြားမှာ အသုံးပြုတာက ဖုန်းဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေတယ်လို့လည်း သိရပါတယ်။

ဖုန်းအားကို ၀% အထိဖြစ်သွားအောင် အသုံးပြုပြီး ပြန်အားသွင်းတာကလည်း ဖုန်းဘက်ထရီကိုမြန်မြန်စွမ်းဆောင်ရည်ကျဆင်းစေပါတယ်။ ဒါ့ကြောင့် ဖုန်းကို အားတစ်စက်မှမရှိအောင် အသုံးပြုတာကလည်း ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

သင့်အနေနဲ့ အကယ်လို့များ ဖုန်းကို တစ်ညလုံးအားသွင်းထားပြီးမှ အိပ်တတ်တဲ့သူဖြစ်နေတယ်ဆိုရင်လည်း ဖုန်းဘက်ထရီကို ကြာရှည်ခံအောင် ပြုလုပ်နိုင်တဲ့ အဖြေတွေ ရှိနေပါတယ်။ နံပါတ် ၁ အချက်အနေနဲ့တော့ ကိုယ့်ဖုန်းဝယ်တည်းက တစ်တွဲတည်းပါလာတဲ့ charger နဲ့သာ အားသွင်းပေးပါ။ ဒီလိုမျိုး သူ့အိုးနဲ့ သူဆန် အသုံးပြုတာကတော့ ဖုန်းအတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

နံပါတ် ၂ အချက်အနေနဲ့တော့ ဖုန်းကို တစ်ညလုံးအားသွင်းမယ်ဆိုရင် မပူအောင်ထားပါ။ သင့်အနေနဲ့ ဖုန်းနောက် ကာဗာကို ချွတ်ထားလိုက်တာမျိုးကို ဖုန်းအပူချိန်ကို ကျဆင်းစေပါလိမ့်မယ်။ နံပါတ် ၃ အချက်အနေနဲ့တော့ သင့်ဖုန်းအားကို ၅၀နဲ့ ၈၀ ကြားမှာ များများအသုံးပြုပေးသင့်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ဖုန်းအားကို ၀ အထိ ရောက်အောင်သုံးပြီးမှ ပြန်အားမသွင်းပါနဲ့။ ဒီလို ခဏခဏ ပြုလုပ်နေမယ်ဆိုရင်တော့ ဖုန်းဘက်ထရီက မြန်မြန်လစ်သွားမှာပါ။
ဖတ်ရှုသူအားလုံးပဲ အားအပြည့်ဖြစ်ပါစေ။ 

Ref : Digital Trends


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246