Movie Category 5

Latest Post

Showing posts with label မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ. Show all posts
Showing posts with label မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ. Show all posts

Xiaomi Red Mi Not 4

Written By Myanmar Youths Technology Group on Sunday, October 16, 2016 | October 16, 2016

Xiaomi က အရင်ထုတ်လုပ်ထားတဲ့ Redmi Note 3 ကတည်းက အောင်မြင်မှုတွေကို ရရှိခဲ့သလို အခုတစ်ခါ Redmi Note 4 ကို ထပ်မံထုတ်လုပ်တဲ့ အခါမှာလည်း လူကြိုက်များတာကို တွေ့ရပါတယ်။ ဒီ Note 4 အသစ်က အရင် Note 3 ကို အတွင်းပိုင်းမှာ အနည်းငယ်အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားပြီး အပြင်ပိုင်းကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ထားကာ  ထောင့်စွန်းလေးတွေက ပိုမိုကြည့်ကောင်းလာပါတယ်။ GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြုမှာဖြစ်တဲ့အတွက် networks တော်တော်များများကို ချိတ်ဆက်နိုင်ပါတယ်။

Micro SIM နဲ့ Nano SIM card အမျိုးအစား ၂ ခုစလုံးကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်တာကြောင့် ဖုန်း ၂ လုံးနဲ့ ရှုပ်ယှက်ခတ်မနေတော့ပါဘူး။ ဖုန်းအရွယ်အစားက 51 x 76 x 8.4 mm ရှိပြီး 175g အလေးချိန် ရှိတာကြောင့် အရွယ်အစားကြီးသလောက် အလေးချိန်လည်း အနည်း ငယ် လေးပါတယ်။ မျက်နှာပြင်အကျယ် ၅ လက်မခွဲက ဗီဒီယိုတွေ ကြည့်ရတာ၊ ဂိမ်းကစားရတာ အဆင်ပြေတဲ့အနေအထားပါပဲ။ ထုံးစံအတိုင်း IPS LCD capacitive touch screen နဲ့ ပြုလုပ်ပေးထားပြီး full HD မြင်ကွင်းတွေကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ MIUI 8.0 နဲ့ multitouch စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အနောက်ဘက်မှာ ပါရှိတဲ့ fingerprint sensor ကလည်း အဆင့်မြင့်မားမှုရှိပြီး လုပ်ဆောင်ချက် လျင်မြန်တိကျလှပါတယ်။ အနောက်ကင်မရာက 13MP resolution ပါရှိပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 1080p အရည်အသွေးရှိ ဗီဒီယိုတွေ၊ 120fps မှာ 720p ရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒီနေရာမှာ Note 3 ထက် အနောက်ကင်မရာစွမ်းအား 3MP  လျှော့ချထားတာကို တွေ့ရပါတယ်။ အရှေ့ကင်မရာငယ်ကတော့ 5MP  ပါရှိပါတယ်။ Memory ပိုင်းမှာ Internal memory 16GB, RAM 2GB ရှိတဲ့ Standard Edition နဲ့ Internal memory 64GB, RAM 3GB ရှိတဲ့ High Edition ဆိုပြီး version  ၂ မျိုး ခွဲခြားထုတ်လုပ်ပေးထားပါတယ်။

၎င်းမှာ ထည့်သွင်းပေးထားတဲ့ Mediatek deca-core Helio X20 processor က စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်တိကျမှု ရှိပါတယ်။ Xiaomi အနေနဲ့ Redmi Note 3 အထိ Qualcomm Snapdragon ကိုပဲ သုံးထားတာတွေ့ရပြီး အခု Note 4 မှသာ MediaTek ကို စတင်ပြောင်းလဲသုံးစွဲခြင်း ဖြစ်ပါတယ်။ ၄င်းရဲ့ လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေ၊ အနေတော် မျက်နှာပြင်အရွယ်အစားတွေနဲ့ ထောက်ပံ့ပေးထားတဲ့ internal memory တင်မကသေးပဲ micro SD card ကို 256GB အထိ ထပ်မံထည့်သုံးနိုင်မှာဖြစ်တာကြောင့် HD ဂိမ်းကြီးတွေကို အဆင်ပြေပြေ ကစားနိုင်ပါတယ်။ Facebook, twitter, Instagram စတဲ့ social network တွေကို အသုံးပြုရတာလည်း ဘာချို့ယွင်းချက်၊ အားနည်းချက်မှ မရှိစေနိုင်တဲ့အပြင် ဗီဒီယိုတွေကိုလည်း စိတ်တိုင်းကျ ကြည့်ရှုနိုင်မှာ သေချာပါတယ်။

ဒါ့အပြင် အရည်အသွေးမြင့်မားပြီး စွမ်းအားပြည့်ဝတဲ့ Non-removable Li-Po 4100mAh ကြောင့် ဖုန်းဘက်ထရီ လုံလောက်မှုမရှိတာတွေ အားခဏခဏ ပြန်သွင်းရတဲ့အခက်အခဲတွေ မရှိနိုင်ပါဘူး။ ဒီလို budget ဖုန်းမျိုးမှာ ဒီလောက်ဘက်ထရီစွမ်းအားကို ထောက်ပံ့ပေးနိုင်တာ အလွန်တွေ့ရခဲပါ တယ်။ ဘက်ထရီစွမ်းအား ပြန်သွင်းတဲ့အခါမှာလည်း fast battery charging စနစ် ပါရှိတဲ့အတွက် အချိန်တိုအတွင်းမှာ ခဏလေးနဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်မှာပါ။ Xiaomi Redmi Note 4 မှာ Android OS, v6.0 (Marshmallow) ကို run ပေးထားပါတယ်။

ကြည်လင်ပြတ်သားတဲ့အသံတွေကို ပေးစွမ်းနိုင်တဲ့ loudspeaker စနစ်ကို ပံ့ပိုးပေးထားပြီး ဆူညံသံတွေကို အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလှလှလေးကို ပိုမိုပေါ်လွင်အောင် ရွှေရောင်၊ ငွေရောင်နဲ့ ခဲရောင်ဆိုတဲ့ မျက်စိထဲမှာ ငြိမ်တဲ့အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ အရောင်နဲ့ ဒီဇိုင်းပုံစံကို လူကြီး၊ လူငယ်မရွေး အသုံးပြုလို့ သင့်တော်ပါတယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ဝန်ဆောင်မှုမျိုးကို ရရှိနိုင်ပဲဖြစ်ပါတယ်။

Battery Life

Xiaomi Redmi Note 4 မှာ Non-removable 4100mAh ဘက်ထရီကို ထည့်သွင်းပေးထားတာကြောင့် ဘက်ထရီစွမ်းအားက သာမန်ဖုန်းတွေထက် ပိုမိုစွမ်းအားမြင့်မားမှုရှိပြီး အရင်ထုတ်ခဲ့တဲ့ Note 3 ထက် 100mAh လောက် ပိုမိုပါရှိပါတယ်။ ဒါ့အပြင် Fast battery charging စနစ်ကိုလည်း ထောက်ပံ့ပေ ထားပါသေးတယ်။

Design

ဒီဇိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် Note 3 ထက် အနည်းငယ် ပိုမိုကြည့်ကောင်းလာပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားပါတယ်။ ဘေးဘက်ထောင့်စွန်းတွေက အချိုးကျလှပပြီး ထုတ်လုပ်ပေးထားတဲ့ အရောင်တွေက ငြိမ်ငြိမ်လေးတွေ ဖြစ်တဲ့အတွက် ခမ်းနားထည်ဝါမှု ရှိပါတယ်။

Processor

Xiaomi က အခု Note 4 မှသာ ထူးထူးခြားခြား MediaTek ကို စတင်အသုံးပြုထားပြီး 2.1GHz MediaTek Helio X20 MT6797 processor ရဲ့ လျင်မြန်တိကျတဲ့ အတွေ့အကြုံသစ်တွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Graphic card ပိုင်းမှာလည်း Mali-T880 MP4 ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

Display and Camera

Xiaomi Redmi Note 4 ၄ ရဲ့ ၅ လက်မခွဲကျယ်တဲ့ IPS LCD capacitive touchscreen display က 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသနိုင်ပြီး ၁ လက်မ အတိုင်းအတာမှာ ဆိုရင်တော့ ~401 ppi pixels သိပ်သည်းဆပမာဏကို ရရှိစေမှာပါ။ 13MP resolution ရှိတဲ့ အနောက်ကင်မရာနဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Verdict

Xiaomi Redmi Note 4 ဟာ ဖုန်းနောက်ကျောဘက်မှာ လုံခြုံစိတ်ချရတဲ့ fingerprint sensor ပါရှိပြီး လုပ်ဆောင်ချက် လျင်မြန်တိကျသလို အရည်အသွေးမြင့် ဘက်ထရီစွမ်းအားတွေကို ပေးစွမ်းနိုင်မယ့်အပြင် ဈေးနှုန်းသင့်တင့်မျှတမှုရှိတဲ့ အဆင့်မြင့်စမတ်ဖုန်းကောင်းတစ်လုံးပဲ ဖြစ်ပါတယ်။

Price » 213,000 Ks  Contact Phone » 01-224502 ( CTM )

Specification

» Network : GSM/CDMA/HSPA/EVDO/LTE (Dual-SIM)

 » Weight : 175 g

 » Display : 5.5", IPS LCD capacitive touchscreen

 » Dimensions : 5.94 x 2.99 x 0.33 inch

 » Memory : 64GB, 3GB RAM, microSD, up to 256GB

 » Camera : 13 Megapixel, Front : 5 Megapixel autofocus, dual-LED (dual tone) flash, Geo-tagging,   touch focus, face/smile detection, panorama, HDR » Connectivity : GPS, WLAN, Bluetooth v4.2, microUSB v2.0

 » OS : Android OS, v6.0 (Marshmallow) 

» Chipset : Mediatek MT6797 Helio X20 »CPU : Deca-core 2.1GHz, GPU : Mali-T880 MP4 

» Feature : MIUI 8.0

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

MEC TELမှ Sim Cardမှတ်ပုံတင်ရန်တိုက်တွန်း

Written By Myanmar Youths Technology Group on Sunday, October 9, 2016 | October 09, 2016


MPT လက်အောက်ခံ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို လုပ်ကိုင်နေတဲ့ MECTel က ၎င်းရဲ့ ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။ 800MHz မိုဘိုင်းဖုန်းလိုင်းတွေကို ဝန်ဆောင်မှုပေးအပ်နေတဲ့ MECTel ဟာ ၎င်းရဲ့ အရောင်းဆိုင်တွေရှိတဲ့ နေရာတွေမှာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းတွေ လုပ်ဆောင်ဖို့ အတွက် တောင်းဆိုခဲ့တာပါ။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ပြည်ပက ဝင်ရောက်လာတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေက အွန်လိုင်းကနေ လုပ်ဆောင် နိုင်ဖို့ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ MPT နဲ့ ၎င်းရဲ့ လက်အောက်ခံ မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုကို လုပ်ကိုင်နေတဲ့ MECTel ကတော့ အရောင်းဆိုင်တွေမှာ မှတ်ပုံလာရောက်တင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

 

Credit – Internet Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

စတုတ္ထမြောက်အော်ပရေတာလုပ်ငန်းစတင်ရန်အစိုးရခွင့်ပြုချက်သာလိုအပ်

Written By Myanmar Youths Technology Group on Saturday, October 8, 2016 | October 08, 2016


စတုတ္ထမြောက်အော်ပရေတာ လုပ်ငန်းစတင်ရန်

အစိုးရခွင့်ပြုချက်သာလိုအပ်

 

 မြန်မာနိုင်ငံ၏ စတုတ္ထ မြောက်အော်ပရေတာလုပ်ငန်းစ တင်ရန် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိရန် သာလိုအပ်တော့ကြောင်း ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

   စတုတ္ထမြောက်အော်ပရေ တာအတွက် ဆက်သွယ်ရေးလုပ် ငန်းလိုင်စင်ရရှိရန် လွန်ခဲ့သည့်ရက်သတ္တပတ်က လျှောက်တင်ထားပြီးဖြစ်၍ စိစစ်မှုများပြီးစီးပါက မကြာမီချိန်အတွင်း လိုင်စင်ထုတ်ပေးမည်ဟု ယင်းဦးစီးဌာန

ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။

  ‘‘လိုင်စင်မလျှောက်ခင်က တည်းက ကြိုတင်ညှိနှိုင်းဆွေးနွေး မှုတွေ ပြုလုပ်ခဲ့တယ်။ အခုက စိစစ်နေတဲ့ အဆင့်ပေါ့။ Review (ပြန် လည်သုံးသပ်ခြင်း)လုပ်နေတဲ့အ ချိန်မှာ အဆင်ပြေရင်တော့ သိပ် မကြာပါဘူး’’ဟု ဦးမျိုးဆွေက ဆို သည်။

 စတုတ္ထအော်ပရေတာတွင် ပြည်ပကုမ္ပဏီပါဝင်နေ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် ကက်ဘိနက်အဆင့်များ သို့ ဆက်လက်တင်ပြရန်လိုအပ် နေခြင်း ဖြစ်သည်ဟု ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။

‘‘အစိုးရရဲ့ ခွင့်ပြုချက်လို သေးတာပေါ့။ ဘယ်အချိန်မှာ လုပ်ငန်းစတင်မလဲဆိုတာ  ကတ်ဘိ နက်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မှာ မူတည်တယ်။ ကျန်တာပြီးသ လောက်ရှိပြီ’’ဟု ဦးမျိုးဆွေက ရှင်းပြသည်။

မြန်မာအမျိုးသားပိုင် တယ် လီကွန်းကုမ္ပဏီ (MNTH) နှင့် ဗီ ယက်နမ်မှ Vietter ဆက်သွယ် ရေးကုမ္ပဏီတို့ ပူးပေါင်းထား သည့် စတုတ္ထမြောက်အော်ပရေ တာကို ယခုနှစ်လယ်တွင် လုပ်ငန်းစတင်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း အထက်ပါကုမ္ပဏီတို့အကြား အသေးစိတ်ညှိနှိုင်း မှုများပြုလုပ်နေရ၍ ကြန့်ကြာနေ ရခြင်း ဖြစ်သည်။

 

Credit – 7daydaily


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဘွဲ့ရလူငယ်များအားတယ်လီနောက အလုပ်သင်ခန့်မည်


တက္ကသိုလ်ကျောင်းသားနှင့် ဘွဲ့ရလူငယ်များအား

တယ်လီနောက အလုပ်သင်အဖြစ် ခန့်အပ်မည်

 

ပညာသင်ကြားဆဲနှင့် ဘွဲ့ရပြီးစ ကျောင်းသား၊ ကျောင်း သူများအတွက် တယ်လီနော မြန်မာကုမ္ပဏီက အလုပ်သင်ဝန် ထမ်းခန့်အပ်ခြင်းအစီအစဉ်ကို စတင်ကြောင်း အောက်တိုဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အစိုးရနှင့် ပုဂ္ဂလိက တက္က သိုလ်၊ ကောလိပ်ခြောက်ခုမှ အ လုပ်သင်ဝန်ထမ်းလျှောက်ထား သူ ၂၀၀ ခန့်အနက် ၂၆ ဦးကို တယ်လီနောမြန်မာ၏ ပထမဆုံး အလုပ်သင်ဝန်ထမ်းခန့်အပ်ခြင်း အစီအစဉ်၌ ပါဝင်ခွင့်ရရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘အလုပ်သင်ဝန်ထမ်းတွေ အနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းအ ဖွဲ့တွေရဲ့ လုပ်ငန်းဆောင်တာ တွေကို ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် သူတို့ရဲ့ ရှိနှင့်ပြီးသား အသိပညာတွေကို တိုးတက်လာ စေပြီး သက်ဆိုင်ရာလုပ်ငန်းခွင် အတွက် အဆင်သင့်ဖြစ်နေစေမှာ ပါ’’ဟု တယ်လီနောမြန်မာ Chief People Officer (CPO) Anne Birgitte Kverum က ပြောသည်။

အထက်ပါ တက္ကသိုလ်၊ ကောလိပ်ခြောက်ခုသည် နည်းပညာတက္ကသိုလ် (သန်လျင်)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ အမျိုးသားစီမံခန့်ခွဲမှု ပညာ ဒီဂရီကောလိပ်၊ Myanmar Imperial College နှင့် Human Management Institute တို့ဖြစ် ပြီး ရွေးချယ်ခံရသည့် ဝန်ထမ်းများသည် လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး၊ စီးပွားရေးလည်ပတ် မှု၊ နည်းပညာ၊ သင်ယူလေ့လာ ရေး၊ ဈေးကွက်ရှာဖွေရေး၊ ကော် ပိုရိတ်ဆိုင်ရာ ဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဝင်ရောက် သင်ယူလေ့လာခွင့်ရရှိမည်ဟု တယ်လီနောမြန်မာက ဆိုသည်။

တယ်လီနော၏ အလုပ်သင် ဝန်ထမ်းအစီအစဉ်အရ အလုပ် သင်ဝန်ထမ်းတစ်ဦးက တစ်လမှ သုံးလအထိ လေ့လာရမည်ဖြစ်ပြီး ပြီးဆုံးချိန်တွင် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်မည်ဖြစ် ကြောင်းနှင့် အဆိုပါအစီအစဉ် ကို မြန်မာနိုင်ငံတစ်ဝန်းရှိ တက္က သိုလ်များနှင့် ပူးပေါင်း၍ ဆက် လက်တိုးချဲ့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နည်းပညာဆိုင်ရာ အလုပ် သင်ဝန်ထမ်း ခန့်အပ်ခြင်းအစီအ စဉ်ကို အဲရစ်ဆင်ကုမ္ပဏီနှင့် KBZ Gateway ကုမ္ပဏီ စသည့်နည်း ပညာကုမ္ပဏီများကလည်း အ ကောင်အထည်ဖော်လုပ်ဆောင် နေလျက်ရှိသည်။

 

Credit – 7daydaily


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

LG Stylus 2

Written By Myanmar Youths Technology Group on Thursday, October 6, 2016 | October 06, 2016

LG Stylus 2 လို့ နာမည်ကြားလိုက်တာနဲ့ အားလုံးနဲ့ရင်းနှီးပြီးသား ဖုန်းတစ်လုံးဆိုတာ ချက်ချင်းတန်းသိနိုင်ပြီး Stylus ဆိုတဲ့အတိုင်း ပေးထားတဲ့နာမည်အရ ပိုပြီးဆွဲဆောင်မှုရှိနေတာက Stylus Pen ကြောင့် ဖြစ်ပါတယ်။ အရင် Stylus ဖုန်းအတိုင်းသုံးလို့ကောင်းတဲ့ features တွေပါဝင်နေပြီး LG Stylus 2 ဟာ ပိုမိုအဆင့်မြင့်လာ ပါတယ်။  LG Stylus 2 ကို mid-range စမတ်ဖုန်းအဖြစ်ထုတ်လုပ်ခဲ့ပြီး Stylus 2 ကို ကောင်းမွန်အောင် ပံ့ပိုးထားတဲ့ Stylus Pen ဟာ Stylus 2 ရဲ့ အဓိကရောင်းအားအကောင်းဆုံးအချက်ဖြစ်လာပါတယ်။ ထို့အပြင် LG Stylus 2 ဟာ DAB+ digital radio Standard ကို support လုပ်နိုင်တဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်ပြီး ကြီးမားတဲ့ HD Screen, ဖြုတ်/တပ်လို့ရတဲ့ ဘက်ထရီ၊ 13MP ကင်မရာတို့နဲ့ဖွဲ့စည်းထားပါတယ်။ ဈေးနှုန်းသက်သာတဲ့စမတ်ဖုန်းတွေဖြစ်တဲ့ Asus Zenfone Max, One Plus 2 နဲ့ Huawei P9 Lite တို့အတိုင်း အဆင့်မြင့်မြင့်သုံးစွဲနိုင်အောင်လည်း LG Stylus 2 ကို စတိုင်ကျကျဒီဇိုင်းပါ ထပ်ထည့်ပေါင်းပြီး တီထွင်ဖန်တီးပေးထားပါတယ်။ Stylus 2 ကို Titan, White, Brown အရောင် ၄ မျိုးနဲ့ရရှိနိုင်ပါတယ်။

Design & Build

သတ္တုအပြည့်သုံးထားတဲ့ LG G5 မှာကတည်းကစတင်ပြီး LG ရဲ့ ဒီဇိုင်းတွေဟာ ပိုမိုအဆင့်မြင့်လာခဲ့ပြီး LG Stylus 2 မှာလည်း တိုးတက်လာတဲ့ခြေလှမ်းတွေကို မြင်တွေ့ရပါတယ်။ Stylus 2 ဒီဇိုင်းဟာ LG G နဲ့ အတော်လေးဆင်တူပြီး ၂၀၁၄ မှာ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်တဲ့ G3 ဒီဇိုင်းမျိုးဖြစ်တာကြောင့် ဂုဏ်ယူ မိပါတယ်။ LG Stylus 2 မှာ ကျောဘက်အခုံးပုံစံ G3 ဒီဇိုင်းဟာ ဆက်လက်ပါဝင်လာခဲ့ပြီး ပလပ်စတစ်ကိုယ်ထည်၊ ကျောဘက်မှာ ခလုတ်တပ်ဆင်ထားပုံတွေကအစ G3 အတိုင်း တည်ဆောက်ထားပါတယ်။  Stylus 2 မှာ ဒီဇိုင်းပိုင်းကို ပိုမိုပြည့်စုံအောင် ဖြည့်ဆည်းပေးထားတာက ကျောဘက်မှာတပ်ဆင်ထားတဲ့ ခလုတ်ပုံသဏ္ဌာန်တွေပဲဖြစ်ပါတယ်။ လက်နဲ့အလွယ်တကူအသုံးပြုနိုင်ပြီး ဒီဇိုင်းတစ်မျိုးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ LG Stylus 2 ဟာ 7.4mm အထူရှိတာမို့ အရမ်းမပါးလွှာပါဘူး။ ဒါပေမဲ့ လက်ထဲမှာကိုင်သုံးဖို့အတွက်တော့ အဆင်ပြေပါတယ်။ 145g အလေးချိန်ရှိပြီး Stylus 2 မှာ ၅.၇လက်မအရွယ် display ပါဝင်နေပေမယ့်လည်း ကြည့်ကောင်းတဲ့ဖုန်းတစ်လုံးပါ။ Stylus 2 ဒီဇိုင်းမှာ အဓိက feature ဟာ Stylus ပါဝင်နေတာဖြစ်ပြီး nano-coated tip ကြောင့် Pen အစစ်တစ်ချောင်းလို အသုံးပြုနိုင်ပါလိမ့်မယ်။

Display

၅.၅လက်မအရွယ် Screen အမျိုးအစားတွေဟာ လတ်တလောမှာ လူကြိုက်များနေပေမယ့် Stylus 2 အတွက် ၅.၇လက်မအရွယ် display ကိုသာ ရွေးချယ်သုံးစွဲပေးထားပါတယ်။ IPS LCD Display ဟာ 720×1280 pixels ရုပ်ထွက်အရည်အသွေးကိုပံ့ပိုးနိုင်ပြီး ရုပ်ထွက်သိပ်သည်းဆ 258ppi  ပါရှိပါတယ်။ မျက်နှာပြင်ကြီးမားတာဟာ နှစ်သက်စရာကောင်းပြီး Stylus 2 မှာ Full HD ဗီဒီယိုတွေကိုတော့ မကြည့်ရှုနိုင်ပါဘူး။

Operating System and Camera

Android OS 6.0 (Marshmallow) ကို Stylus 2 မှာ ထည့်သွင်းထားပါတယ်။  ဖုန်းမှာ အဓိကကင်မရာအဖြစ် 13MP sensor ကို သုံးစွဲနိုင်ပြီး LED flash ကို တပ်ဆင်ထားပါတယ်။ f/2.2 aperture, autofocus တို့ပါဝင်ပြီး 1080p Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ HDR, Panorama စတာတွေလည်း ရုပ်ထွက်ကောင်းကောင်းနဲ့ရယူနိုင်ပြီး LG Stylus 2 ရဲ့ ရှေ့ဘက်ကင်မရာဟာ 8MP အရည်အသွေးရှိပါတယ်။

Performance

Stylus 2 ရဲ့ စွမ်းဆောင်ရည်ကိုတော့ အများကြီးမျှော်လင့်ထားစရာ မလိုပါဘူး။ Snapdragon 410 CPU နဲ့ ထွက်ရှိလာပြီး Qualcomm ရဲ့ ပထမဆုံး 64 bit CPU ဖြစ်ပါတယ်။ Entry-level chip ကိုအသုံးပြုထားပြီး Quad-core processor ဟာ 1.2GHz မြန်နှုန်းနဲ့ အလုပ်လုပ်ပေးမှာပါ။ 1.5GB RAM ပါဝင်ပြီး ဂရပ်ဖစ် Adreno 306 ကို ထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါရှိပြီး microSD နဲ့ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။

Specification

 Display :   5.7 inches, IPS LCD capacitive touchscreen 

Memory :   16 GB, 1.5 GB RAM, microSD, upto 128GB Camera :   13 Megapixel, autofocus, LED flash, Geo-tagging 

OS :   Android OS, v6.0 (Marshmallow)

 Phone :   09-964209200 (UNiQUE)

Price :   295,000/-

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Samsung ကဲ့သို့မျက်နှာပြင်အကွေးနဲ့ထွက်ပေါ်လာမဲ့ Xiaomi Mi Note 2

Written By Myanmar Youths Technology Group on Wednesday, September 28, 2016 | September 28, 2016

 



Samsung ကဲ့သို့မျက်နှာပြင်အကွေးနဲ့ထွက်ပေါ်လာမဲ့ Xiaomi Mi Note 2

Xiaomi နည်းပညာကုမ္ပဏီကနေပြီးတော့Mi Note 2 ကို September လ 5ရက်နေ့တွင်တရားဝင်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဆိုပါ Mi Note 2 ကတော့ Screen Size 5.7-inches ဖြင့်ထုတ်လုပ်ပေးမှာဖြစ်ပြီးမျက်နှာပြင်အနေနဲ့ကတော့ Samsung Galaxy S7 edge ကဲ့သို့ဘေးဘက်နှစ်ခြမ်းကအကွေးပုံစံဖြင့်ထွက်လာမယ်လို့သတင်းရရှိပါတယ်။ယခုသတင်းပေါက်ကြားလာသောဓာတ်ပုံများအရ Mi Note 2 ရဲ့ရှေ့မျက်နှာပြင်လို့ယူဆရသောဓာတ်ပုံတွင် အရှေ့ဘက်တွင် Home ခလုတ်တစ်ခုပါဝင်လာတာဖြစ်ပြီးအဆိုပါ Home ခလုတ်တွင် Fingerprint ပါဝင်လာမယ်လို့လည်းသတင်းများထွက်ပေါ်နေပါတယ်။

           

။Xiaomi နည်းပညာကုမ္ပဏီအနေဖြင့်အဆိုပါ Mi Note 2 ကို Screen Size 5.7-inches ဖြင့်ထုတ်လုပ်သွားမှာဖြစ်ပြီးQHD Displayကိုအသုံးပြုပေးထားမယ်လို့လည်းသတင်းရရှိပါတယ်။Ram အနေနဲ့ကတော့ 4GB Ram နှင့် 6GB Ram ဆိုပြီး ၂ မျိုးထွက်ရှိလာနိုင်ပြီးဈေးနှုန်းအနေနဲ့ကတော့ $375 နှင့် $420 ကြားလောက်ရှိမယ်လို့သတင်းရရှိပါတယ်။

မင်းမင်း( မိုမိုလေး )


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Huaweiဖုန်းကြောင့်အသက်ဘေးမှလွတ်ခဲ့ရသူ

Written By Myanmar Youths Technology Group on Tuesday, September 27, 2016 | September 27, 2016


တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့သားတစ်ယောက်ဟာ လုယက်သူတွေရဲ့ သေနတ်နဲ့ပစ်ခတ်ခြင်းကို ခံခဲ့ရပေမဲ့ သူ့အင်္ကျီအိပ်ကပ်ထဲမှာ ထည့်ထားတဲ့ Huawei P8 lite ဖုန်းကြောင့် အသက်ချမ်းသာရာရသွားခဲ့ပါတယ်။

Huawei P8 lite ဖုန်းသာခံမနေရင် ဒါမှမဟုတ် ဖုန်းက ကျည်ဆန်ကိုတားဆီးထားနိုင်လောက်အောင် မမာကျောခဲ့ရင် ကျည်ဆံဟာ အဆိုပါ ကိပ်တောင်းမြို့သားရဲ့ ရင်ဘက်ကိုဖောက်ဝင်သွားမှာပါ။

Huawei P8 lite ဖုန်းခံနေလို့ ကျည်ဆံဒဏ်ခံရပေမဲ့ အသက်ချမ်းသာရရသွားခဲ့သူက အသက် ၄၁ နှစ်အရွယ် အိုင်တီလုပ်ငန်းရှင် အေဘရာဟမ် ဆိုသူပဲဖြစ်ပါတယ်။

ကလေး ၅ ယောက်ရဲ့ဖခင်ဖြစ်တဲ့ အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ စနေနေ့ညတုန်းက မွေးနေ့ပါတီတစ်ခုကနေပြန်အလာမှာ သူ့အိမ်ရှေ့အနီးမှာပဲ ဓားပြတွေရဲ့ လုယက်တိုက်ခိုက်မှုကိုခံခဲ့ရပြီး သေနတ်နဲ့ပါအပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

ကျည်ဆံထိမှန်တဲ့အချိန်မှာ Huawei P8 lite ဖုန်းဟာ ကွဲကြေသွားခဲ့ပေမဲ့ ကျည်ဆံကိုပေါက်ထွက်မသွားအောင်ထိန်း ထားနိုင်ခဲ့တာကြောင့် အေဘရာဟမ်ဟာ သတိလစ်ရုံပဲလစ်သွားခဲ့ပြီး အသက်ချမ်းသာရာရခဲ့တာ ဖြစ်ပါတယ်။

အေဘရာဟမ်ဟာ ဟွာဝေးစမတ်ဖုန်းရဲ့ အကာအကွယ်ကြောင့် သေနတ်နဲ့ပစ်ခံရပြီး မသေတဲ့ ပထမဆုံးသူတော့ မဟုတ်ဘဲ အရင်တုန်းကလည်း Huawei P7 ၊ Huawei Media Pad တို့ခံနေလို့ သေနတ်ဒဏ်ကနေ အသက်ချမ်းသာရာ ရခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့ဖူးပါတယ်။

 

ဒီနေ့ခေတ်မှာ Huawei အပါအဝင် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ သူတို့ ဖုန်းတွေရဲ့ကြံ့ခိုင်မှုကို အစွမ်းကုန် မြှင့်တင်လာနေကြတဲ့အတွက် ဈေးကွက်ထဲက သတ္ထုကိုယ်ထည်နဲ့စမတ်ဖုန်းအချို့ဟာ ကျည်ဆံဒဏ်ကိုခံနိုင်တဲ့အထိ ကြံ့ခိုင်မှုမြင့်တက်လာတာပဲ ဖြစ်ပါတယ်။Huawei ကုမ္ပဏီဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာတင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်ကို စမတ်ဖုန်းအလုံးပေါင်း သန်း ၁၀၀ ထိ တင်ပို့ထားပြီး ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ၃ ခု မှာတစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

 

Credit – Duwun

 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Huawei P9

Written By Myanmar Youths Technology Group on Tuesday, September 20, 2016 | September 20, 2016

Huawei P9 ဟာ အသစ်ထွက်ရှိထားတဲ့ စမတ်ဖုန်းကောင်းကောင်းတစ်လုံးဖြစ်ပြီး ကင်မရာပိုင်းအတွက် ဦးစားပေးတီထွင်ပေးထားပါတယ်။ (5.71×2.79×0.28)လက်မအရွယ်အစားရှိပြီး အလေးချိန်ဟာ 144g ရှိပါတယ်။ 2G, 3G, 4G ကွန်ရက်တွေမှာသုံးစွဲနိုင်ပြီး  Single SIM အမျိုးအစားဖြစ်ပါတယ်။ Display ဟာ IPS-NEO LCD အမျိုးအစားဖြစ်ပြီး ၅.၂လက်မအရွယ် Screen ကို သုံးစွဲရမှာပါ။ 1080×1920 pixels Full HD ရုပ်ထွက်အရည်အသွေးကိုရရှိနိုင်ပြီး Pixel သိပ်သည်းဆ 423 ppi ထိ ပါရှိပါတယ်။ Huawei P9 မှာ Emotion UI 4.1 ကို ထည့်သွင်းထားပြီး Android OS 6.0 (Marshmallow) ကို ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းကို HiSilicon Kirin 955 octa-core processor က ဆောင်ရွက်ပေးပြီး 3GB RAM ကို ကောင်းကောင်းအသုံးပြုနိုင်အောင် ထည့်ထားပေးပါတယ်။ ဂရပ်ဖစ်ကတော့ Mali-T880 MP4 ကို ထည့်သွင်းထားပါတယ်။ P9 ရဲ့ ဖုန်းတွင်းသိုလှောင်မှုပမာဏဟာ 32GB ဖြစ်ပြီး microSD နဲ့ 64GB အထိ တိုးမြှင့်နိုင်ပါတယ်။ အဓိကကင်မရာအတွက် leica optics  ကိုသုံးထားပြီး P9 မှာ Qual-camera feature ပါဝင်ပါတယ်။ Full HD 1080p ဗီဒီယိုကိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 8MP ကင်မရာကိုတွေ့ရပါတယ်။ Fingerprint အလုပ်လုပ်ပေးပြီး Fast charging feature နဲ့ပါ ဖြည့်စွက်ထားပါတယ်။

Specification

 Display : 5.2 inches, IPS-NEO LCD capacitive touchscreen 

Memory : 32 / 64 GB, 3 / 4 GB RAM, microSD, upto 128GB 

Camera : Dual 12 Megapixel, phase detection autofocus 

OS : Android OS v6.0 (Marshmallow)

 Phone : 01-9000900 (Huawei)

Price : 559,000/-

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ကိုယ့်ပုံကိုယ်ရိုက်Selfieကြိုက်သူတွေအတွက် Oppo A37

Written By Myanmar Youths Technology Group on Sunday, September 18, 2016 | September 18, 2016

အခုတလော ဖုန်းတော်တော်များများက ကိုယ့်ပုံကိုယ်ရိုက် Selfie လုပ်ဆောင်ချက်အတွက် အသားပေးလာကြပါတယ်။ဒီဖုန်းရဲ့ အဓိက အားသားချက်ကလည်းဒီလိုလုပ်ဆောင်ချက်အတွက် အလေးပေးထားတာပါ။ဈေးနှုန်းသင့် အလယ်အလတ်တန်းစား ဖုန်းဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ ဂရပ်ဖစ် GPU, Memory ပိုင်းတွေမှာ သင့်တင့်ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာလည်း စုံလင်တဲ့ဓာတ်ပုံ စနစ်တွေကို အသုံးပြုနိုင်တဲ့ အပြင်ရှေ့ကင်မရာမှာ အလင်းအားနည်းချိန်မျိုးမှာ ရိုက်နိုင်မယ့် လုပ်ဆောင်ချက်အလေးပေးမှု ပါဝင်ထောက်ပံ့ပေးထားပါတယ်။ဒါကြောင့် ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်ပါလိမ့်မယ်။ Sensor စနစ်ပိုင်းမှာလည်း ဖုန်းအသုံးပြုခြင်းကို လွယ်ကူစေနိုင်မယ့် Screen Off Gesture စနစ်နဲ့ Quick Gesture စနစ်တွေ ပါဝင်ပါတယ်။

Sim Card နှစ်ကတ်နဲ့ SD Card ကို Card Slot တစ်ခုတည်းမှာ အတူတွဲပြီး ပြုလုပ်ထားတဲ့အတွက် ကတ်တစ်ခုကို ထုတ်သွင်းလဲလှယ် ပြုလုပ်ချင်တဲ့ အချိန်တိုင်းမှာ ကတ်အားလုံးကို တစ်ပြိုင်တည်း ထုတ်သွင်းပြုလုပ် နေရမှာ ဖြစ်ပါတယ်။နည်းနည်းတော့ဂရုစိုက်ထုတ်သွင်းပြုလုပ်ပါ။ ၅.၀ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels (~294 ppi pixel density) ထိ ရုပ်သံကြည်လင်မှုကိုရှိနိုင်ပါလိမ့်မယ်။ပုံစံဒီဇိုင်းသေသပ်တယ်လို့ ဆိုနိုင်တဲ့ဖုန်းဖြစ်ပြီး အရွယ်အစားကလည်း ကိုင်တွယ်အသုံးပြုရတာ စမတ်ကျသလိုပေါ့ပေါ့ပါးပါးကိုင်တွယ်နိုင်ပါတယ်။

 

ရှေ့မျက်နှာပြင်မှန်ဟာ အနားလုံးမှန် အခုံးပုံစံမျိုးဖြစ်ပြီး ဖုန်းကိုယ်ထည်ကတော့ သတ္တုနဲ့တည်ဆောက် ထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၄.၃၁ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၁ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၇ စင်တီမီတာရှိပြီး အလေးချိန်ကတော့ ၁၃၆ ဂရမ်ရှိပါတယ်။ စပီကာတွေကို ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာ တပ်ဆင်ပေးထားပြီး နောက်ဘက် ကာဗာကတော့ ဖြုတ်လို့တပ်လို့မရတဲ့ ကာဗာအသေပါပဲ။ဖုန်းပြုတ်ကျရင်တောင်ဖုန်းဘက်ထ္ထရီ မကွာတော့ပါဘူး။

ထူးခြားတဲ့ နည်းပညာဆန်းသစ်မှုတွေအများအပြား ထည့်သွင်းထားတာမျိုး သိပ်မရှိပေမယ့် ရှေ့ကထွက်ခဲ့တဲ့ OPPO ဖုန်းတွေမှာ ပါဝင်တဲ့ ပုံမှန်နည်းပညာတွေကိုတော့ ဒီဖုန်းမှာရရှိခံစားအသုံးပြုနိုင် ပါလိမ့်မယ်။

 

ဖုန်းမျက်နှာပြင်ကို ပိတ်ထားချိန်မှာ သတ်မှတ်ထားတဲ့ သင်္ကေတတွေကို ဖုန်းမျက်နှာပြင်ပေါ်မှာ ရေးဆွဲပြီး ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေထဲကို ဝင်နိုင်တဲ့ Screen Off Gesture စနစ်၊ ဖုန်းကို Screen ဖွင့်ပိတ် အလွယ်တကူ အသုံးပြုနိုင်တဲ့ Double Tap စနစ်တွေပါဝင်တဲ့ Quick Gesture စနစ်၊ Smart Call အစရှိတဲ့ စနစ်တွေကိုမြင်တွေ့နိုင်ပါတယ်။

ဖုန်းမျက်နှာပြင်ဖွင့်ပိတ်ပြုလုပ်ခြင်း၊ ဖုန်းမျက်နှာပြင် ပိတ်ထားချိန်ဖုန်းစနစ်များအတွင်းသို့ Gesture စနစ်များ အသုံးပြုပြီး ဝင်ရောက်ခြင်းတွေမှာ လွယ်ကူကောင်းမွန်ပါတယ်။

 

အောင်ရဲကျော် (BeeTalk)

 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246