Huawei P9 ဟာ အသစ်ထွက်ရှိထားတဲ့ စမတ်ဖုန်းကောင်းကောင်းတစ်လုံးဖြစ်ပြီး ကင်မရာပိုင်းအတွက် ဦးစားပေးတီထွင်ပေးထားပါတယ်။ (5.71×2.79×0.28)လက်မအရွယ်အစားရှိပြီး အလေးချိန်ဟာ 144g ရှိပါတယ်။ 2G, 3G, 4G ကွန်ရက်တွေမှာသုံးစွဲနိုင်ပြီး Single SIM အမျိုးအစားဖြစ်ပါတယ်။ Display ဟာ IPS-NEO LCD အမျိုးအစားဖြစ်ပြီး ၅.၂လက်မအရွယ် Screen ကို သုံးစွဲရမှာပါ။ 1080×1920 pixels Full HD ရုပ်ထွက်အရည်အသွေးကိုရရှိနိုင်ပြီး Pixel သိပ်သည်းဆ 423 ppi ထိ ပါရှိပါတယ်။ Huawei P9 မှာ Emotion UI 4.1 ကို ထည့်သွင်းထားပြီး Android OS 6.0 (Marshmallow) ကို ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းကို HiSilicon Kirin 955 octa-core processor က ဆောင်ရွက်ပေးပြီး 3GB RAM ကို ကောင်းကောင်းအသုံးပြုနိုင်အောင် ထည့်ထားပေးပါတယ်။ ဂရပ်ဖစ်ကတော့ Mali-T880 MP4 ကို ထည့်သွင်းထားပါတယ်။ P9 ရဲ့ ဖုန်းတွင်းသိုလှောင်မှုပမာဏဟာ 32GB ဖြစ်ပြီး microSD နဲ့ 64GB အထိ တိုးမြှင့်နိုင်ပါတယ်။ အဓိကကင်မရာအတွက် leica optics ကိုသုံးထားပြီး P9 မှာ Qual-camera feature ပါဝင်ပါတယ်။ Full HD 1080p ဗီဒီယိုကိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 8MP ကင်မရာကိုတွေ့ရပါတယ်။ Fingerprint အလုပ်လုပ်ပေးပြီး Fast charging feature နဲ့ပါ ဖြည့်စွက်ထားပါတယ်။
Specification
Display : 5.2 inches, IPS-NEO LCD capacitive touchscreen
Memory : 32 / 64 GB, 3 / 4 GB RAM, microSD, upto 128GB
Camera : Dual 12 Megapixel, phase detection autofocus
OS : Android OS v6.0 (Marshmallow)
Phone : 01-9000900 (Huawei)
Price : 559,000/-
Credit-Netguide Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment