သင့်တင့်တဲ့ဈေးနှုန်းနဲ့ စွမ်းဆောင်ရည် ကောင်းကောင်း အသုံးပြုနိုင်တဲ့ ဈေးနှုန်း အလယ်အလတ်တန်းစား ဖုန်းဖြစ်ပါတယ်။ GSM 2G/ 3G/ 4G စနစ်တွေအပြင် CDMA 800MHz စနစ်ကိုပါ အသုံးပြုနိုင်ပါတယ်။ဖုန်းလုံခြံရေးအတွက်ကတော့ လက်ဗွေဖတ်စနစ်လည်း ထောက်ပံ့ပေးထားပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း စွမ်းဆောင်ရည် မြင့်မားတဲ့ ကင်မရာတွေကို အသုံးပြုထားတာ တွေ့ရမှာပါ။ရှေ့ကင်မရာရဲ့ စွမ်းဆောင်ရည်ကနှစ်လိုဖွယ်ကောင်းပေမယ့် ကင်မရာမှာ အသုံးပြုနိုင်တဲ့ ဓာတ်ပုံအသုံးပြု လုပ်ဆောင်ချက် အပိုင်းမှာတော့ Timer ဆိုတဲ့စနစ်နဲ့ အသံနဲ့ဓာတ်ပုံ ရိုက်နိုင်မယ့် Audio ဆိုတဲ့ စနစ်နှစ်ခုပဲ ပါဝင်တာ တွေ့ရပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ မြင်ကွင်းမျိုးကို ဖန်တီးထားပြီး ၆.၄၄ လက်မရှိတဲ့ IPS LCD Screen ဖြစ်ကာ 1080x1920 Pixels (~342 ppi pixel density) ထိရုပ်သံကြည်လင်မှုကိုရှိနိုင်ပါလိမ့်မယ်။
ကိုယ်ထည် တစ်ခုလုံးကိုလည်း သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဖုန်းတစ်ခုလုံးရဲ့အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၇.၃၁ စင်တီမီတာနဲ့ ဘေးတိုက်အကျယ် ၈.၈၃ စင်တီမီတာရှိပြီး ထုထည်ကတော့ ၀.၇၅ စင်တီမီတာ ရှိတဲ့အတွက် ဘေးတိုက်အကျယ်များပြီး ပါးတယ်လို့ဆိုနိုင်တဲ့ ဖုန်းဖြစ်ပါတယ်။ စပီကာတွေကတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
နည်းပညာပိုင်းမှာတော့ MIUI 8 ကိုစတင် အသုံးပြုရမှာဖြစ်ပြီး UI 8 ရဲ့ဆန်းသစ်မှုတွေကို ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းအသုံးပြု မြန်မာစာစနစ်အတွက် ယူနီကုဒ်မြန်မာစာအပြင် ဇော်ဂျီမြန်မာစာ စနစ်ကိုပါ တစ်ပါတည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာတွေမှာ Guest အကောင့်ခွဲပြီး အသုံးပြုတဲ့ ပုံစံမျိုးသုံးနိုင်မယ့် Second Space (Switch) ဆိုတဲ့စနစ်နဲ့ App တွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မယ့် Quick Ball ဆိုတဲ့စနစ်လည်း ပါဝင်လာတဲ့အပြင် Screenshot ပြုလုပ်တဲ့အခါမှာလည်း ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll
ဖုန်းမှာပါဝင်တဲ့ ဖွဲ့စည်းမှုအားသာချက်နဲ့အသုံးပြုနိုင်မှုတွေဟာ ဈေးနှုန်းနဲ့နှိုင်းယှဉ် ကြည့်မယ်ဆိုရင်တော့ တန်တယ်လို့ ဆိုနိုင်ပါတယ်။
အောင်ရဲကျော် (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment