Samsung ရဲ့ Note 7 ဖုန်း ပေါက်ကွဲခဲ့တာဟာ တကယ့်ဖြစ်ပွားလာနိုင်တဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေပြီလားဆိုတာ သံသယဖြစ်စရာ ကောင်းလာပါတယ်။ သတင်းတစ်ပုဒ်အရ မကြာသေးမီအချိန်တုန်းက Samsung ဖုန်းရဲ့ ပေါက်ကွဲမှုကြောင့် ဒေါ်လာ ၁၄၀၀ဖိုးလောက် ဆုံးရှုံးမှုတစ်ခုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါဟာဆိုရင် သြစတြေးလျမှာရှိတဲ့ ဟိုတယ်ခန်ုးထဲမှာ အိပ်နေတဲ့ အမျိုးသားတစ်ဦးထံမှာ ဖြစ်ပွားခဲ့တာပါ။ “ကျွန်တော်ရဲ့ Note 7 ဖုန်းသစ်ဟာ ကျွန်တော်အိပ်ပြီး အားသွင်းထားတုန်း ဒီမနက်ပိုင်းမှာပဲ ပေါက်ကွဲသွားခဲ့ပါတယ်” လို့ ဖုန်းပိုင်ရှင်ဖြစ်သူ Reditor Crushader ဆိုပါတယ်။
ဖုန်းတစ်ခုလုံးဟာ ပျက်စီးသွားခဲ့ပြီဖြစ်ပေမယ့် SIM ကဒ်ကိုတော့ ပြန်ရလိုက်တယ်လို့ဆိုပါတယ်။ “အံ့သြဖို့ကောင်းတာက ကျွန်တော်အားသွင်းတာဟာ Original ပါတဲ့ Charger နဲ့ ကြိုးကိုပဲ အသုံးပြုခဲ့တာပါ” လို့ Crushader ကဆိုပါတယ်။
Galaxy Note7 ၏ ပေါက်ကွဲမှုအား 9Gag စာမျက်နှာတွင်သရော်ထားပုံ
Samsung ကတော့ ဒီအတွက် တာဝန်ယူခဲ့ပြီး သူ့ရဲ့ ဒုက္ခရောက်ခဲ့မှုကြောင့် Crushader အနေနဲ့ ယာယီအငှားဖုန်းတစ်လုံးနဲ့ ခေတ္တအစားထိုးပေးထားမှာ ဖြစ်ပြီး ပြီးတဲ့အခါမှာ ပေါက်ကွဲခြင်းမရှိတဲ့ Note 7 ဖုန်းသစ်တစ်လုံးကို လဲလှယ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Samsung ဟာ ဘက်ထရီပြသနာရှိနေတဲ့ Note 7 ဖုန်းတွေကို ပြန်လည် သိမ်းယူမယ့်အစီအစဉ်ကိုကြေငြာခဲ့ပြီး ဒီအပတ်ထဲမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ရောင်းချထားတဲ့ ဖုန်းတွေကို ပြန်လည်သိမ်းယူတဲ့အစီအစဉ်ကို စတင်ပြုလုပ်ခဲ့ပါတယ်။
Ref: Techno Buffalo
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment