Movie Category 5

Latest Post

Showing posts with label Computer ဆိုင်ရာ. Show all posts
Showing posts with label Computer ဆိုင်ရာ. Show all posts

Computer CPU Generation ခွဲခြားနည်း

Written By Zaw Myo Htet on Tuesday, September 27, 2016 | September 27, 2016

Computer CPU Generation ကိုဘယ်လိုခွဲခြားရမလဲမသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအတွက် Computer CPU Generation ခွဲခြားနည်းကိုကျွန်တော်နားလည်ထားသလိုလိုရင်းပဲပြောပြပေးပါမယ်။

ပထမဆုံးအနေနဲ့ My Computer ကို Right click ပေးပါ

ဒုတိယအနေနဲ့ Properties ကို Click ပါ

အဲဒီမှာကွန်ပြူတာမှာသုံးထားတဲ့ Hardware အစိတ်အပိုင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။

ဒါပေမယ့်ကျွန်တော်တို့တွေက CPU ကို Generation ခွဲခြားဖို့ပဲကြည့်မှာဆိုတော့ CPU ကိုပဲကြည့်ပါ။


အဲဒီမှာ ...


CPU က i5 - 6400 ဘာညာ ဘာညာပေါ့ဗျာ


i5 - နောက်က 6 ဆိုရင် 6 Generation ပေါ့ဗျာ


အဲလိုပဲပေါ့


i3 - 5005U ဆိုရင် i3 - နောက်က 5 ဆိုတော့ 5 Generation လို့သိထားရမှာပါ


အဲလောက်ဆိုရင်ကျွန်တော်သဘောပေါက်ထားသလိုပဲ Computer ရဲ့ CPU Generation ကိုဘယ်လိုခွဲရမယ်ဆိုတာကိုမသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအနေနဲ့သိသွားလောက်ပြီလို့မျှော်လင့်ပါတယ်ဗျ။







ဘာရယ်မဟုတ်ဘူး
တစ်ညလုံးအခုထိဘယ်လိုမှအိပ်မရတာနဲ့အကျိုးရှိမယ့်အလုပ်ကလေးဖြစ်မယ်ထင်လို့ရေးဖြစ်တင်ဖြစ်သွားတာပါ။အမှားပါသွားမယ်ဆိုရင်ဝေဖန်ထောက်ပြဖို့မျှော်လင့်ပါတယ်။










နည်းပညာလေ့လာနေသူများနဲ့/Free Sharing သမားများကိုအစဉ်လေးစားလျက် ...

ဇော်မျိုးထက်
www.mmitfamily.com


Computer Harddisk ကို Partation ခွဲနည်း / ပြန်ပေါင်းနည်း (Software မလို)

Written By Zaw Myo Htet on Wednesday, September 21, 2016 | September 21, 2016

Computer Harddisk Partation ခွဲနည်း
======================

၁။My Computer ကို Right Click ပေးပါ။

၂။Disk Managememt ကို Click ပါ။

၃။ဒီနေရာရောက်ရင် Computer HardDisk ရဲ့ Partation တွေကိုပုံစံ ၂ မျိုးနဲ့မြင်တွေ့ရပါလိမ့်မယ်။အပေါ်ဖက်မှာပြထားတဲ့ပုံစံက My Computer ကိုဖွင့်လိုက်တဲ့အခါမြင်တွေ့ရလေ့ရှိတဲ့ ပုံစံပါ၊အဲဒီအကန့်ကကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ကျွန်တော်တို့နဲ့ဆိုင်တာကအောက်ဖက်မှာမြင်ရတဲ့ဘေးတိုက်အကန့်ပါ။
အောက်ဖက်အခြမ်း/ဘေးတိုက်အကန့်မှာ Harddisk ရဲ့ မူလကပိုင်းထားတဲ့Partation တွေကိုမြင်ရပါလိမ့်မယ်။ကျွန်တော်ရဲ့ Computer မှာတော့ (C ), (D) , (E) ဆိုပြီး Partation ၃ ခုရှိပါတယ်။အဲဒီ Partation ၃ ခုထဲက 500GB ပမာဏရှိတဲ့ (D) ဆိုတဲ့ Partation ထဲကနေ 100GB ကိုခွဲထုတ်မှာပါ။အဲဒီတော့အခုရောက်နေတဲ့ My Computer >> Disk Management နေရာမှာ ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့အောက်ဖက်မှာမြင်ရတဲ့ဘေးတိုက်အကန့်က (D) partation ကို Right Click ပေးလိုက်ပါတယ်။

၎။Shrink Volume ကို Click ပါ။

၅။Shrink D: ဆိုတဲ့ box လေးကျလာပါမယ်။အဲဒီ box ကလေးထဲက ၃ ခုမြောက် Enter the amount of space to shrink in MB  အကွက်ကလေးထဲမှာနောက်ထပ်ခွဲထုတ်မယ့် Harddisk ရဲ့ပမာဏကိုထည့်ပါ။ကွန်တော်က 500GB ပမာဏရှိတဲ့ထဲက 100GB ကိုခွဲထုတ်မှာဖြစ်တဲ့အတွက်စောစောကကျွန်တော်ပြောတဲ့ ၃ ခုမြောက်က Enter the amount of space to shrink in MB ဆိုတဲ့အကွက်ကလေးမှာ 102400 (102400 ဆိုတာ 102400MB ပါ) ဆိုပြီးရိုက်ထဲ့ပြီးတော့ Shrink ကို Click လိုက်ပါတယ်။

၆။ Next

၇။ Next

၉။ Next

၁၀။New Simple Volume ဆိုတဲ့နေရာရောက်သွားပါလိမ့်မယ်။အဲဒီနေရာရောက်ရင် Volume label ဆိုတဲ့ ကွပ်လပ်လေးမှာနံမည်ပေးရပါမယ်။အခြား Partation ၃ ခုက (C) (D) (E) ဆိုတော့ကျွန်တော်က (F) လို့နံမည်ပေးလိုက်ပါတယ်။ပြီးရင် Next ပေါ့။

၁၁။ Finish ဆိုရင် Harddisk partation ပိုင်းခြင်းကိစ္စပြီးပါပြီ။





Computer Harddisk Partation ပြန်ပေါင်းနည်း
=======================

၁။My Computer ကို Right Click ပေးပါ။

၂။Disk Managememt ကို Click ပါ။

၃။(F) ဆိုတဲ့ partation ကို စောစောကခွဲထုတ်ခဲ့တဲ့ (D) ထဲကိုပြန်ပေါင်းမှာပါ။ပထမဆုံး Partation (F) Delete လုပ်ရပါမယ်။အခုရောက်နေတဲ့ My Computer >> Disk Managememt မှာ (F) ကို Right click ပေးပါ။

၎။Delete Volume ကို Click ပါ > Yes > Yes ကို Click ပါ။

၅။ပြီးရင် Partation (D) ကို Right click ပေးပါ။

၆။ Extend Volume ကို Click ပါ။

၇။ Next

၈။ Next

၉။ Finish ဆိုရင် Partation ပြန်ပေါင်းခြင်းကိစ္စပြီးပါပြီ။







(ကျွန်တော်တင်တဲ့ပို့စ်မှန်သမျှကိုအကြိုက်တူရင်လွတ်လပ်စွာ Share နိုင်သလို/Credit မပေးပဲလည်းပြန်တင်နိုင်ပါတယ်.ကျွန်တော့်နံမည်လည်းဖြုတ်ချခဲ့နိုင်ပါတယ်)












နည်းပညာလေ့လာနေသူများနဲ့/Free Sharing သမားများကိုအစဉ်လေးစားလျက် ...

ဇော်မျိုးထက်
www.mmitfamily.com


PC Displayပြဿနာများ

Written By Myanmar Youths Technology Group on Thursday, September 8, 2016 | September 08, 2016

ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

ကွန်ပျူတာတစ်လုံးအတွက်အလုပ်လုပ်ပေးသည်မှာ CPU, mother board, RAM, PSU တို့က အရေးကြီး သည်မှာ မှန်သည်။ သို့သော် display က ဘာတစ်ခုမှ အလုပ်မလုပ်ဟုဆိုလျှင် ယင်းကွန်ပျူတာကို အသုံး ပြုနိုင်မည်မဟုတ်ပါ။ ထို့အပြင် display က အရောင်အမှန်ကိုပြရန် လိုအပ်သည်။ အရောင်အမှန်ကို မပြနိုင်ဟု ဆိုလျှင် ဗီဒီယိုတည်းဖြတ်သူများ၊ ဓာတ်ပုံတည်းဖြတ်သူများ၊ ဂျာနယ်မဂ္ဂဇင်း Layout ချသူများ ဒုက္ခရောက်ပါ လိမ့်မည်။ ထို့ကြောင့် ကွန်ပျူတာ display ကလည်း အရေးကြီးပါသည်။ Display နှင့်ပတ်သက်ပြီး ဖြစ်တတ် သောပြဿနာများကို အောက်ပါအတိုင်း တွေ့ရပါမည်။

Screen ပေါ်တွင် မည်သည့်အရာမှ မပေါ်ပါ။

ကွန်ပျူတာ screen သည် မည်သည့်အရာမှ မပေါ်ဘဲ ကွက်လပ်ကြီးဖြစ်နေသည်ဟုဆိုလျှင် သက်ဆိုင်ရာ ချိတ်ဆက်သော ကြိုးအားလုံးကို ဦးစွာစစ်ရပါမည်။ ထိုကြိုးထဲတွင် ပါဝါကြိုးပါသည်။ Screen ပေါ်သို့ အရုပ်ပေးပို့သော AGP သို့မဟုတ် HDMI သို့မဟုတ် DVI သို့မဟုတ် Display port ကြိုးတစ်ခုလည်းပါပါမည်။ နောက်ပိုင်း LCD screen များတွင် Switch on လုပ်ပေးသော ခလုတ်လေးတစ်ခုလည်း ပါသည်။ တစ်ခါတစ်ရံ၌ ထိုခလုတ်လေးပိတ်ထားသောကြောင့် ကွန်ပျူတာတွင် အရုပ်မပေါ်ခြင်းလည်း ဖြစ်တတ်ပါသည်။

နောက်ထပ် စစ်ရမည်မှာ source button ဖြစ်သည်။ နောက်ဆုံးထုတ် LCD display များတွင် ယင်း button ကို display ၏ ရှေ့ဘက် panel ထဲတွင် တွေ့ရတတ်ပါသည်။ ကွန်ပျူတာပွင့်စဉ်တွင် ယင်းခလုတ်ကို မတော်တဆ ထိမိပြီး အရုပ်ပုံလာရာ source လွဲနေလျှင်လည်း (ဥပမာ Game Console သို့ Source ရောက်နေခဲ့လျှင်) screen ပေါ်၌ အရုပ်ပေါ်မည်မဟုတ်ပါ။ Display ကို လုပ်ငန်းတစ်မျိုးထက်မက ခိုင်းစားလျှင် ပါဝါကြိုးကို ချန်ထားပြီး ကျန်သည့် ကြိုးအားလုံးကိုဖြုတ်ပါ။ ပြီးလျှင် PC နှင့် display ဆက်သွယ်သည့်ကြိုးကို အသေအချာတပ်ပါ။ သို့ဖြင့် source လွဲသော ပြဿနာပါဝါကြိုးချောင်းသည် ပြဿနာများကို စစ်ဆေးနိုင် ပါမည်။

အရုပ်ပုံအတည့်မပေါ်ပါ။

ဂရပ်ဖစ်ကတ်တပ်ထားသော ကွန်ပျူတာများတွင် ဤပြဿနာအ များဆုံးရှိသည်။ ယင်းဂရပ်ဖစ်ကတ် driver တို့တွင် keyboard shortcut များ တစ်ပါတည်း ထည့်သွင်းပေးထားပြီး ဖြစ်ပါသည်။ ယင်း shortcut တို့က display တွင် ပေါ်သော ရုပ်ပုံတို့၏ တည့်ခြင်းစောင်းခြင်းကို ပြုလုပ်ပေးပါသည်။ Display ကို Landscape mode အတိုင်းထား၍ အသုံးမပြုဘဲ portait mode ဖြင့် ထောင်၍အသုံးပြုမည်ဆိုပါက ယင်းပုံကို လှည့်နိုင် စောင်းနိုင်ခြင်းမှာ အထူးပင်အသုံးဝင်ပါသည်။

အားနည်းချက်အပိုင်းမှ ကြည့်မည်ဆိုလျှင် ကီးဘုတ်အား မတော်တဆထိခိုက်မိသည့်အခါ ယင်း shrotcut key တို့ကို အလုပ်လုပ်သွားနိုင်သည်။ မှားယွင်းစွာ အလုပ်လုပ်ပေးသည့်အခါ screen ပေါ်တွင် ရုပ်ပုံအတည့်မပေါ် တော့ပါ။ ထိုအခါတွင် ရုပ်ပုံကို အတည့်အနေအထားသို့ ပြန်လှည့်ပေးနိုင်ရန် Ctrl + Alt + up ကို နှိပ်ရပါမည်။ up ဆိုသည်မှာ up arrow key ကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့တည်းမဟုတ် shift + Alt+ up ကို လည်း နှိပ်နိုင်ပါသည်။ Key အတွဲအဖက်အမှားများ နှိပ်မိခြင်းကြောင့် ရုပ်ပုံအတည့်မပေါ်သည်ကို သတိပြုမိဖို့ လိုပါသည်။

Resolution

Windows ပေါ်တွင် ကြည့်သည့်အခါ မိမိ၏ display က ပြပေးနိုင်သော resolution အပြည့်ပြမပေးနိုင်ဟု ဆိုပါက ဖြစ်နိုင်သောအကြောင်းအရာတစ်ခုထက်မက ရှိပါသည်။ ပထမဆုံးစစ်ရမည်မှာ ဂရပ်ဖစ်ကတ် သို့မဟုတ် built-in ဂရပ်ဖစ်ဖြစ်သည်။ ယင်းတို့က display ၏ resolution အပြည့်အထိ အထောက်အပံ့ ပေးနိုင်မပေးနိုင် စစ်ရပါမည်။ ဂရပ်ဖစ်က အထောက်အပံ့ပေးနိုင်သော resolution သည် display က ပေးစွမ်းနိုင်သော resolution အောက်နိမ့်မည်ဟုဆိုပါက Resolution အပြည့်သုံးဖို့ မဖြစ်နိုင်ပါ။ ထိုကိစ္စအတွက် ဆောင်ရွက်နိုင်သည်မှာ Display resolution အပြည့်သုံးနိုင်စေမည့် ဂရပ်ဖစ်ကတ်အသစ်ဝယ်ယူ အသုံးပြု ရန်ဖြစ်ပါသည်။

အခြားသောဖြစ်နိုင်ခြေတစ်ရပ်မှာဟောင်းနွမ်းနေပြီဖြစ်သော Single -Link DVD Cable ကို အသုံးပြုခြင်းဖြစ်ပါ သည်။ ယင်းက resolution 1920 x 1080 အထိသာသုံးနိုင်သော ကန့်သတ်ချက်ရှိပါသည်။ ထိုအခါမျိုးတွင် dual-like cable ကိုပြောင်းလဲအသုံးပြုပြီး resolution မြှင့်နိုင်ပါသည်။ ချိတ်ဆက်နိုင်မှုသေချာစေရန် ခေါင်းရှိ pin အရေအတွက်ကို  စစ်ရပါမည်။ Dual-Link cable တွင် 25 pin ရှိပြီး single-link cable တွင် 19 pin သာရှိပါသည်။

အရောင်မှန်မထွက်၍ Print လုပ်ရာတွင် အရောင်လွဲပါသည်။

ကွန်ပျူတာသုံးရာတွင် အတွေ့ရအများဆုံး ပြဿနာဖြစ်ပါသည်။ ထိုကိစ္စအတွက် Color Calibration လုပ်ဖို့လိုပါသည်။ Color Calibration ဆိုသည်မှာ monitor display သည် color နှင့် Contrast ကို မည်မျှအထိ တိကျစွာတိုင်းတာပေးနိုင်သည်ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်ဓာတ်ပုံ များတွင် White balance ညှိခြင်းနှင့် အလားသဏ္ဍာန် တူပါသည်။ ဓာတ်ပုံများကို မိမိ၏ကွန်ပျူတာပေါ်တွင် တည်းဖြတ်ပြီးသည့်အခါ အမှားအယွင်းမရှိ ပြည့်စုံနေသည်ဟု ထင်ရသော်လည်း အခြားကွန်ပျူတာပေါ်တွင် ပြန်ကြည့်သည့်အခါ ပန်းရောင်ကဲလွန်းခြင်း သို့မဟုတ် အစိမ်းရောင်ကဲလွန်ခြင်း ရှိနိုင်သည်။ ထိုဓာတ်ပုံများကို print   ထုတ်လိုက်သည့်အခါတွင်လည်းအရောင်မှန်မထွက်ခြင်းမျိုးရှိနိုင်ပါသည်။ Screen ၏ Calibration ကို off  လုပ်ထားသောကြောင့် အရောင်မှန်မထွက် ခြင်းဖြစ်ပါသည်။

ယင်းပြဿနာကို Windows ထဲတွင်အသင့်ထည့်သွင်းပေးလိုက်သော Calibration tool ကိုအသုံးပြုပြီး ပြုပြင်နိုင်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် control panel > Hardware and sound > Display အတိုင်းဝင် ရပါမည်။ ပြီးလျှင် Calibrate color ကိုရွေးရပါမည်။ ပြီးလျှင် Wizard ကလမ်းညွှန်ပြလာသည့် အတိုင်း တစ်ဆင့်ခြင်း လိုက်နာသွားရန် လိုပါသည်။ အဆင့်တစ်ခုလုပ် ပြီးတိုင်း Next ကို နှိပ်သွားရန် လိုပါသည်။ Display အတွက် အလှည့်အပြောင်းပြုလုပ်ရာ၌ Calibartion က လွန်စွာအသုံးဝင်ပါသည်။ ပတ်ဝန်းကျင်ရှိ အလင်းရောင်သည် သဘာဝအလင်းရောင်မဟုတ်ဘဲ လူဖန်တီးသည့်အလင်းရောင်ဖြစ်ပါက Calibration လုပ်သင့်ပါသည်။

Windows သည် Display အပြည့်မပြပါ။

Monitor ၏ native resolution အတိုင်းဖြစ်အောင် Windows screen resolution ကိုချိန်မထားသည့်အခါတွင် ဤသို့ဖြစ်တတ်ပါသည်။ Windows ရှိ စုစုပေါင်း pixel အရေအတွက်သည် display ကပြပေးနိုင်သော စုစု ပေါင်း pixel အရေအတွက်ထက် နိမ့်ကျနေသောကြောင့် Windows သည် screen တွင် အပြည့်မပေါ်ခြင်း ဖြစ်ပါသည်။ ထိုကိစ္စအတွက် desktop ပေါ် တွင်ညာကလစ်ထောက်ပါ။ ပြီးလျှင် screen resolution ကိုရွေးပါ။ Resolution ကို အမြင့်ဆုံးသို့ မြှင့်တင်ပါ။ အကယ်၍ Windows သည် မိမိ screen  ထက် ငယ်ခြင်းကြီးခြင်း ဆက်၍ဖြစ်နေသေးပါက ဂရပ်ဖစ်ကတ်၏ driver  ထဲသို့ တစ်ချက်ဝင်ပြီး scaling option ကိုကြည့်ပါ။ ပြီးလျှင် disable လုပ်ပါ။ ထိုသို့ပြုလုပ်ခြင်း Windows နှင့် screen အရွယ်အစားညှိခြင်းအတွက် အကောင်းဆုံးဖြစ် တတ်ပါသည်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ကွန်ပျူတာဆော့ဝဲလ် Exe တွေကိုပြုပြင်နည်း

Written By Zaw Myo Htet on Wednesday, August 24, 2016 | August 24, 2016

ဒါလေးကိုလုပ်ဖြစ်တာကကြာပါပီ အကြောင်းအမျိုးမျိုးကြောင့်မတင်ဖြစ်တာပါ ညီလေးတစ်ယောက်က ခနခန မေးလို့တင်ပေးလိုက်ပါတယ်
ကွန်ပျူတာ ဆော့ဝဲလ် Exe တွေကို Edit ပြုလုပ်နည်းလေးပါ။Exe တွေကို ပြင်လို့ရမယ့်Tool လေးလည်း ပါပါတယ်
Tool လေးထဲမှာ ဗီဒီယိုသင်ခန်းစာပါပါတယ် မလုပ်တတ်သူများအတွက် အဆင်ပြေတာပေါ့ မြန်မာလိုရှင်းပြပေးထားပါတယ် အတတ်နိုင်ဆုံးပေါ့ :p
Odin ကို နမူနာထားပြီးပြုပြင်ပြထားပါတယ်
Exe တွေကိုပြင်မယ့် Tool Download ဆွဲရန် Tool ထဲတွင် Video Lessson ပါပါသေးသည်။








Tool Download










Video Lesson Download
















ဒီပို့စ်ကိုဖန်တီးပြီးတော့ပေးပို့သူကတော့ ကျွန်တော်တို့ MIF ရဲ့ Admin တစ်ဦးဖြစ်တဲ့အကိုချမ်းမြေ့အောင်(သုဝဏ္ဏနည်းပညာ)
Free Online Video Lesson
www.facebook.com/thuwunnaitgroup
မှဖြစ်ပါတယ်











ကျွန်တော်တင်တဲ့ပို့စ်မှန်သမျှကိုအကြိုက်တူရင်လွတ်လပ်စွာ Share နိုင်သလို/Credit မပေးပဲလည်းပြန်တင်နိုင်ပါတယ်.ကျွန်တော့်နံမည်လည်းဖြုတ်ချခဲ့နိုင်ပါတယ်. ဒေါင်းလော့လင့်တွေကိုတော့ adf.ly တွေမခံပါနဲ့လို့တောင်းပန်ပါရစေ ....






နည်းပညာလေ့လာနေသူများနဲ့ Free Sharing သမားများကိုအစဉ်လေးစားလျက် .....

ဇော်မျိုးထက်
www.mmitfamily.com