Movie Category 5

Home » » မျက်လုံးစကင်စနစ် ပါဝင်လာရန် သေချာနေသည့် Xiaomi Mi 6

မျက်လုံးစကင်စနစ် ပါဝင်လာရန် သေချာနေသည့် Xiaomi Mi 6

Written By Myanmar Youths Technology Group on Tuesday, September 13, 2016 | September 13, 2016

Xiaomi ဟာ လွန်ခဲ့နှစ် နှစ်အနည်းငယ်အတွင်း တဟုန်ထိုး အောင်မြင်မှုရရှိလာခဲ့တဲ့ တရုတ်စမတ်ဖုန်း ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ သူတို့ ဟာ အရည်အသွေးမြင့် နည်းပညာတွေ ထည့်သွင်းထားတဲ့ စမတ်ဖုန်းကို ချိုသာ တဲ့ ဈေးနှုန်းနဲ့ ရောင်းချကာ စမတ်ဖုန်းလောကမှာ နေရာ တစ်နေရာ အခိုင်အမာရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ဟာ ကျောဘက်ကင်မရာနှစ်ခု ပါဝင်တဲ့ စမတ်ဖုန်း ခေတ်စားလာတဲ့အချိန်မှာ ကျောဘက်ကင်မရာနှစ်ခု ပါဝင်တဲ့ Xiaomi Redmi Pro ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခု စမတ်ဖုန်းဈေးကွက် မှာ နောက်ထပ် ခေတ်စားလာ တဲ့အရာကတော့ မျက်လုံး စကင်စနစ် ပါ ၀င်လာတာ ဖြစ်ပါတယ်။

Xiaomi ဟာ သူတို့ရဲ့ လာမယ့် Xiaomi Mi 6 မှာ မျက်လုံးစကင်စနစ်ကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ သူတို့ဟာ အဆင့်မြင့်စမတ်ဖုန်း Samsung Galaxy Note 7 မှာ ထည့်သွင်းထားတဲ့ မျက်လုံးစကင်စနစ်ကို သူတို့ရဲ့ တန်ဖိုး သင့် ဖုန်းမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ Xiaomi ဟာ လက်ဗွေရာစနစ်ကိုလည်း Mi 5 တုန်းကလို Home Botton မှာ ထည့်သွင်းပေးသွားပါဦးမယ်။

Xiaomi Mi 6 က မျက်နှာပြင် ၅.၅ လက်မရှိပြီး 4K ရုပ်ထွက် အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ 4K ရုပ်ထွက်က 4096×2160 Resolution ရှိပါတယ်။ Gorilla Glass 4 ကို အသုံးပြုသွားပါမယ်။ Xiaomi ဟာ Qualcomm Snapdragon Octa-core Processor ကို အသုံးပြုလာပါမယ်။ Mi 5 တုန်းက 2.3GHz ကို အသုံးပြုခဲ့တာကြောင့် Mi 6 မှာ 2.5 မှ 2.7 GHz အထိ အသုံးပြုလာဖို့ ရှိပါတယ်။ RAM4GB အသုံးပြုသွားမှာ ဖြစ်ပြီး ROM 16GB ၊ 64GB တို့နှင့် ထုတ်လုပ်မှာဖြစ်ပြီး microSD နှင့် 256GB အထိ တိုးမြှင့်နိုင်ပါမယ်။

Xiaomi ဟာ ကင်မရာပိုင်းကိုလည်း အဆင့်မြင့်ကာ ပရိသတ်တွေ စိတ်မပျက်ရအောင် လုပ်ဆောင်သွားပါမယ်။ ကျောဘက်ကင်မရာ 23MP ထည့်သွင်းသွားမှာ ဖြစ်ပြီး Selfie ကင်မရာ 7MP ဖြစ်ပါတယ်။ ဒါ့အပြင် Dual Lens အ သုံးပြုလာပါမယ်။ ကင်မရာမှာ Optical Image Maintenance ၊ Auto Focus ၊ Facial Recongnition ၊ Panorama ၊ Touch Focus ၊ Geo-Tagging တို့ ပါဝင်ပါမယ်။ Xiaomi ဟာ Mi 6 ကင်မရာကို ထိပ်တန်းအဆင့်မြင့် စမတ် ဖုန်းတွေနဲ့ ယှဉ်နိုင်အောင် ဖန်တီးသွားမှာ ဖြစ်ပါတယ်။

Xiaomi ဟာ Mi 6 မှာ ဘက်ထရီ 2450 mAh ထည့်သွင်းပေးသွားပါမယ်။ ဒါပေမယ့် Xiaomi ဟာ အရည်အသွေးကောင်းမွန်တဲ့ ဘက်ထရီစနစ်ကို အသုံးပြုလာမှာဖြစ်တာကြောင့် တာရှည်အသုံးခံပါမယ်။   

Ref-www.inmya.com


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Share this article :

0 comments: