Xiaomi က အရင်ထုတ်လုပ်ထားတဲ့ Redmi Note 3 ကတည်းက အောင်မြင်မှုတွေကို ရရှိခဲ့သလို အခုတစ်ခါ Redmi Note 4 ကို ထပ်မံထုတ်လုပ်တဲ့ အခါမှာလည်း လူကြိုက်များတာကို တွေ့ရပါတယ်။ ဒီ Note 4 အသစ်က အရင် Note 3 ကို အတွင်းပိုင်းမှာ အနည်းငယ်အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားပြီး အပြင်ပိုင်းကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ထားကာ ထောင့်စွန်းလေးတွေက ပိုမိုကြည့်ကောင်းလာပါတယ်။ GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြုမှာဖြစ်တဲ့အတွက် networks တော်တော်များများကို ချိတ်ဆက်နိုင်ပါတယ်။
Micro SIM နဲ့ Nano SIM card အမျိုးအစား ၂ ခုစလုံးကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်တာကြောင့် ဖုန်း ၂ လုံးနဲ့ ရှုပ်ယှက်ခတ်မနေတော့ပါဘူး။ ဖုန်းအရွယ်အစားက 51 x 76 x 8.4 mm ရှိပြီး 175g အလေးချိန် ရှိတာကြောင့် အရွယ်အစားကြီးသလောက် အလေးချိန်လည်း အနည်း ငယ် လေးပါတယ်။ မျက်နှာပြင်အကျယ် ၅ လက်မခွဲက ဗီဒီယိုတွေ ကြည့်ရတာ၊ ဂိမ်းကစားရတာ အဆင်ပြေတဲ့အနေအထားပါပဲ။ ထုံးစံအတိုင်း IPS LCD capacitive touch screen နဲ့ ပြုလုပ်ပေးထားပြီး full HD မြင်ကွင်းတွေကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ MIUI 8.0 နဲ့ multitouch စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အနောက်ဘက်မှာ ပါရှိတဲ့ fingerprint sensor ကလည်း အဆင့်မြင့်မားမှုရှိပြီး လုပ်ဆောင်ချက် လျင်မြန်တိကျလှပါတယ်။ အနောက်ကင်မရာက 13MP resolution ပါရှိပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 1080p အရည်အသွေးရှိ ဗီဒီယိုတွေ၊ 120fps မှာ 720p ရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒီနေရာမှာ Note 3 ထက် အနောက်ကင်မရာစွမ်းအား 3MP လျှော့ချထားတာကို တွေ့ရပါတယ်။ အရှေ့ကင်မရာငယ်ကတော့ 5MP ပါရှိပါတယ်။ Memory ပိုင်းမှာ Internal memory 16GB, RAM 2GB ရှိတဲ့ Standard Edition နဲ့ Internal memory 64GB, RAM 3GB ရှိတဲ့ High Edition ဆိုပြီး version ၂ မျိုး ခွဲခြားထုတ်လုပ်ပေးထားပါတယ်။
၎င်းမှာ ထည့်သွင်းပေးထားတဲ့ Mediatek deca-core Helio X20 processor က စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်တိကျမှု ရှိပါတယ်။ Xiaomi အနေနဲ့ Redmi Note 3 အထိ Qualcomm Snapdragon ကိုပဲ သုံးထားတာတွေ့ရပြီး အခု Note 4 မှသာ MediaTek ကို စတင်ပြောင်းလဲသုံးစွဲခြင်း ဖြစ်ပါတယ်။ ၄င်းရဲ့ လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေ၊ အနေတော် မျက်နှာပြင်အရွယ်အစားတွေနဲ့ ထောက်ပံ့ပေးထားတဲ့ internal memory တင်မကသေးပဲ micro SD card ကို 256GB အထိ ထပ်မံထည့်သုံးနိုင်မှာဖြစ်တာကြောင့် HD ဂိမ်းကြီးတွေကို အဆင်ပြေပြေ ကစားနိုင်ပါတယ်။ Facebook, twitter, Instagram စတဲ့ social network တွေကို အသုံးပြုရတာလည်း ဘာချို့ယွင်းချက်၊ အားနည်းချက်မှ မရှိစေနိုင်တဲ့အပြင် ဗီဒီယိုတွေကိုလည်း စိတ်တိုင်းကျ ကြည့်ရှုနိုင်မှာ သေချာပါတယ်။
ဒါ့အပြင် အရည်အသွေးမြင့်မားပြီး စွမ်းအားပြည့်ဝတဲ့ Non-removable Li-Po 4100mAh ကြောင့် ဖုန်းဘက်ထရီ လုံလောက်မှုမရှိတာတွေ အားခဏခဏ ပြန်သွင်းရတဲ့အခက်အခဲတွေ မရှိနိုင်ပါဘူး။ ဒီလို budget ဖုန်းမျိုးမှာ ဒီလောက်ဘက်ထရီစွမ်းအားကို ထောက်ပံ့ပေးနိုင်တာ အလွန်တွေ့ရခဲပါ တယ်။ ဘက်ထရီစွမ်းအား ပြန်သွင်းတဲ့အခါမှာလည်း fast battery charging စနစ် ပါရှိတဲ့အတွက် အချိန်တိုအတွင်းမှာ ခဏလေးနဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်မှာပါ။ Xiaomi Redmi Note 4 မှာ Android OS, v6.0 (Marshmallow) ကို run ပေးထားပါတယ်။
ကြည်လင်ပြတ်သားတဲ့အသံတွေကို ပေးစွမ်းနိုင်တဲ့ loudspeaker စနစ်ကို ပံ့ပိုးပေးထားပြီး ဆူညံသံတွေကို အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလှလှလေးကို ပိုမိုပေါ်လွင်အောင် ရွှေရောင်၊ ငွေရောင်နဲ့ ခဲရောင်ဆိုတဲ့ မျက်စိထဲမှာ ငြိမ်တဲ့အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ အရောင်နဲ့ ဒီဇိုင်းပုံစံကို လူကြီး၊ လူငယ်မရွေး အသုံးပြုလို့ သင့်တော်ပါတယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ဝန်ဆောင်မှုမျိုးကို ရရှိနိုင်ပဲဖြစ်ပါတယ်။
Battery Life
Xiaomi Redmi Note 4 မှာ Non-removable 4100mAh ဘက်ထရီကို ထည့်သွင်းပေးထားတာကြောင့် ဘက်ထရီစွမ်းအားက သာမန်ဖုန်းတွေထက် ပိုမိုစွမ်းအားမြင့်မားမှုရှိပြီး အရင်ထုတ်ခဲ့တဲ့ Note 3 ထက် 100mAh လောက် ပိုမိုပါရှိပါတယ်။ ဒါ့အပြင် Fast battery charging စနစ်ကိုလည်း ထောက်ပံ့ပေ ထားပါသေးတယ်။
Design
ဒီဇိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် Note 3 ထက် အနည်းငယ် ပိုမိုကြည့်ကောင်းလာပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားပါတယ်။ ဘေးဘက်ထောင့်စွန်းတွေက အချိုးကျလှပပြီး ထုတ်လုပ်ပေးထားတဲ့ အရောင်တွေက ငြိမ်ငြိမ်လေးတွေ ဖြစ်တဲ့အတွက် ခမ်းနားထည်ဝါမှု ရှိပါတယ်။
Processor
Xiaomi က အခု Note 4 မှသာ ထူးထူးခြားခြား MediaTek ကို စတင်အသုံးပြုထားပြီး 2.1GHz MediaTek Helio X20 MT6797 processor ရဲ့ လျင်မြန်တိကျတဲ့ အတွေ့အကြုံသစ်တွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Graphic card ပိုင်းမှာလည်း Mali-T880 MP4 ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။
Display and Camera
Xiaomi Redmi Note 4 ၄ ရဲ့ ၅ လက်မခွဲကျယ်တဲ့ IPS LCD capacitive touchscreen display က 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသနိုင်ပြီး ၁ လက်မ အတိုင်းအတာမှာ ဆိုရင်တော့ ~401 ppi pixels သိပ်သည်းဆပမာဏကို ရရှိစေမှာပါ။ 13MP resolution ရှိတဲ့ အနောက်ကင်မရာနဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။
Verdict
Xiaomi Redmi Note 4 ဟာ ဖုန်းနောက်ကျောဘက်မှာ လုံခြုံစိတ်ချရတဲ့ fingerprint sensor ပါရှိပြီး လုပ်ဆောင်ချက် လျင်မြန်တိကျသလို အရည်အသွေးမြင့် ဘက်ထရီစွမ်းအားတွေကို ပေးစွမ်းနိုင်မယ့်အပြင် ဈေးနှုန်းသင့်တင့်မျှတမှုရှိတဲ့ အဆင့်မြင့်စမတ်ဖုန်းကောင်းတစ်လုံးပဲ ဖြစ်ပါတယ်။
Price » 213,000 Ks Contact Phone » 01-224502 ( CTM )
Specification
» Network : GSM/CDMA/HSPA/EVDO/LTE (Dual-SIM)
» Weight : 175 g
» Display : 5.5", IPS LCD capacitive touchscreen
» Dimensions : 5.94 x 2.99 x 0.33 inch
» Memory : 64GB, 3GB RAM, microSD, up to 256GB
» Camera : 13 Megapixel, Front : 5 Megapixel autofocus, dual-LED (dual tone) flash, Geo-tagging, touch focus, face/smile detection, panorama, HDR » Connectivity : GPS, WLAN, Bluetooth v4.2, microUSB v2.0
» OS : Android OS, v6.0 (Marshmallow)
» Chipset : Mediatek MT6797 Helio X20 »CPU : Deca-core 2.1GHz, GPU : Mali-T880 MP4
» Feature : MIUI 8.0
Credit-Netguide Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment