ဓာတ်ပုံ quality နှင့် အရွှယ်အစား မကျစေပဲ ပုံဆိုဒ်လျှော့နည်း (2MB -> around 600KB)
ဓာတ်ပုံ quality နှင့် အရွှယ်အစား မကျစေပဲ ပုံဆိုဒ်လျှော့နည်း (2MB -> around 600KB)
ကျွန်တော်တို့ အခု digital camera တွေနဲ့ ရိုက်တဲ့ ဓာတ်ပုံတော်တော်များများက တော်ရုံတန်ရုံ resolution နဲ့ ရိုက်တာတောင် ဆိုဒ်ကြီးတာ များပါတယ်။ ဒါကြောင့် တစ်နေရာကနေ တစ်နေရာ ပို့ပေးတာပဲဖြစ်ဖြစ် memory stick နဲ့ သယ်သွားချင်ရင်ပဲ ဖြစ်ဖြစ်ဆိုဒ်ကြီးနေတော့ ၀န်ကျယ်ပါတယ်။ ဒါကို အလွယ်ကူဆုံး လျှင်လျှင်မြန်မြန် ဓာတ်ပုံဆိုဒ်ကို လျှော့ချနိုင်ပါတယ်။ ပထမဆုံး ဆိုဒ်လျှော့ချချင် ပုံကို paint နဲ့ဖွင့်။ pic(the picture which you want to reduce the size) -> right click ->Open with -> paint
ပြီးရင် ပြန် save(ctrl + s)။ ဒါမှမဟုတ် တခြားနေရာမှာ ပြောင်းထားချင်တယ်ဆိုရင် save as နဲ့ save။
ဒါဆိုရင် တရုတ်သိုင်း ၀တ္တုများထဲကလို မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ။ 2MB လောက်ရှိတဲ့ ဓာတ်ပုံများ 600KB လောက်သို့ လျှော့ကျသွား ပါလိမ့်မယ်။ ဓာတ်ပုံဆိုဒ် သေးအောင် အလွယ် ချုံ့နည်း ဒီနည်းကတော့ ဓာတ်ပုံကို paint သုံး၍ အလွယ် ချုံ့နိင်တဲ့ နည်းပါ။ ချုံ့ချင်တဲ့ ဓာတ်ပုံကို paint နဲ့ဖွင့်။ ပြီးရင် Image ထဲက Stretch and Skew ကို ရွှေး။ Stretch ရဲ့ Horizontal နဲ့ Vartical မှာ လျှော့ချ ချင်တဲ့ အရွယ်အစားလိုက် percentage % တွက်ပြီး နှစ်သက်သလို ချုံ့၊ ချဲ့ နိုင်ပါတယ်။ ဥပမာ ဓာတ်ပုံကို တစ်ဝက်လောက် သေးသွားစေချင်တယ်ဆိုရင် 50% လောက်ဆီထားပြီး ok နှိပ်လိုက်ရင် တစ်ဝက်လောက် သေးသွားမှာ ဖြစ်ပါတယ်။ အောက်မှာ ပါတဲ့ Skew ကတော့ ဓာတ်ပုံကို စောင်းချင်တဲ့ degree လိုက် တွက်ပြီး ပြောင်းလဲနိုင်ပါတယ်။
ခုလိုလာရောက်လည်ပတ်တာကျေးဇူးတင်ပါတယ်..
နောက်လည်းလာလည်ပါဦးလေ့လာတွေရှိသမျှတွေကိုကြိုးစားတင်ပေးသွားပါ့မယ်။
အဆင်မပြေခဲ့ရင် cbox မှာ မှာထားခဲ့ပေးပါခင်ဗျာ။
0 comments:
Post a Comment