Movie Category 5

Test Footer 2

Sport

Entertainment

World News

Latest Post

Espon Stylus 1390 Printer အတွက် Resetter လေးပါ

Written By Anonymous on Friday, March 31, 2017 | March 31, 2017


ကျွန်တော်ကိုယ်တိုင် Reset လုပ်ဖို့ Online ကနေရှာရင်း အဆင်မပြေတာနဲ့ ၀ယ်သုံးထားတဲ့ Software လေးပါ။ 100% Espon Stylus 1390 Resetter လေးပါ။


 

မြန်မာလူငယ်သတင်းစုံ version 2.0 update

Written By Myanmar Youths Technology Group on Friday, October 28, 2016 | October 28, 2016



ပြည်သူ့အတွက် မြန်မာလူငယ်သတင်းစုံ Update Version 2.0 ကို ထုတ်ပေးလိုက်ပါပြီ

ယခု version မှာ ပါဝင်တဲ့ ကဏ္ဍများကတော့

စာပေ
_____

-အသိပညာဗဟုသုတ
-ဓမ္မနဒီ
-Shwemon
-ဗုဒ္ဓကမ္ဘာ
-ရွှေချစ်သူ
-နေခရမ်း
-မောင်ဇင်မျိုး(သုတစွယ်စုံ)
-စိတ်ကူးပျော်ရာ
-လရိပ်ချို
-အေးမြသာစည်ရွာ

လူငယ်ကဏ္ဍ

-အတွေးအမြင်၊စာပေ၊ဆောငိးပါး
-အလှဓာတ်ပုံများ
-ရင်ဖွင့်စကားချစ်သူကြားစေ

သတင်း

-DVB
-Myanmar breaking news
-VOA
-RFA
-မိုးမခမီဒီယာ
-သစ်ထူးလွင်

ဟာသ

-ဟာသနန်းတော်
-ဟီးဟီးဟားဟား

သီချင်း

-Myanmar music channal
-Myanmar music zone
-ပစ်တိုင်းထောင်တေးဥယျာဉ်

ဆောင်းပါး

-ဒေါက်တာတင့်ဆွေ
-ဒေါက်တာလွဏ်းဆွေ

နည်းပညာ

-အောင်မြင့်မြတ်နည်းပညာ
-မောင်ပေါက်
-ပုသိမ်အိုင်တီ
-ကိုမျိုးဇော်
-ဝင်းကမ္ဘာကျော်
-အေးကျော်
-စည်သူမိုဘိုင်းနှင့်ကွန်ပြူတာ
-ပြည့်ဖြိုး(MMITD)
-သီဟထိုက်
-Myanmar it family
-Myartko orange
-MMAS

Fire safety

-Fire safety Kyi ZawHtike

ကျန်းမာရေး

-ကျန်းမာရေးဗဟုသုတ

စသည်တို့ပါဝင်ပါတယ်။

ရယူလိုပါက အောက်ပါလင့်မှာ ဝင်ရောက် Download ရယူလိုက်ပါ။

  >>>  Download Here <<<

ယခုVersion မှာ ယခင်အဟောင်းများနဲ့မတူပဲ မိမိ မလိုချင်တဲ့ ဆိုဒ်များကို ဖြုတ်နိင်ပြီး မိမိထပ်မံထည့်သွင်းလိုသော ဆိုဒ်များကို ထပ်မံထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Xiaomi Red Mi Not 4

Written By Myanmar Youths Technology Group on Sunday, October 16, 2016 | October 16, 2016

Xiaomi က အရင်ထုတ်လုပ်ထားတဲ့ Redmi Note 3 ကတည်းက အောင်မြင်မှုတွေကို ရရှိခဲ့သလို အခုတစ်ခါ Redmi Note 4 ကို ထပ်မံထုတ်လုပ်တဲ့ အခါမှာလည်း လူကြိုက်များတာကို တွေ့ရပါတယ်။ ဒီ Note 4 အသစ်က အရင် Note 3 ကို အတွင်းပိုင်းမှာ အနည်းငယ်အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားပြီး အပြင်ပိုင်းကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ထားကာ  ထောင့်စွန်းလေးတွေက ပိုမိုကြည့်ကောင်းလာပါတယ်။ GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြုမှာဖြစ်တဲ့အတွက် networks တော်တော်များများကို ချိတ်ဆက်နိုင်ပါတယ်။

Micro SIM နဲ့ Nano SIM card အမျိုးအစား ၂ ခုစလုံးကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်တာကြောင့် ဖုန်း ၂ လုံးနဲ့ ရှုပ်ယှက်ခတ်မနေတော့ပါဘူး။ ဖုန်းအရွယ်အစားက 51 x 76 x 8.4 mm ရှိပြီး 175g အလေးချိန် ရှိတာကြောင့် အရွယ်အစားကြီးသလောက် အလေးချိန်လည်း အနည်း ငယ် လေးပါတယ်။ မျက်နှာပြင်အကျယ် ၅ လက်မခွဲက ဗီဒီယိုတွေ ကြည့်ရတာ၊ ဂိမ်းကစားရတာ အဆင်ပြေတဲ့အနေအထားပါပဲ။ ထုံးစံအတိုင်း IPS LCD capacitive touch screen နဲ့ ပြုလုပ်ပေးထားပြီး full HD မြင်ကွင်းတွေကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ MIUI 8.0 နဲ့ multitouch စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အနောက်ဘက်မှာ ပါရှိတဲ့ fingerprint sensor ကလည်း အဆင့်မြင့်မားမှုရှိပြီး လုပ်ဆောင်ချက် လျင်မြန်တိကျလှပါတယ်။ အနောက်ကင်မရာက 13MP resolution ပါရှိပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 1080p အရည်အသွေးရှိ ဗီဒီယိုတွေ၊ 120fps မှာ 720p ရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒီနေရာမှာ Note 3 ထက် အနောက်ကင်မရာစွမ်းအား 3MP  လျှော့ချထားတာကို တွေ့ရပါတယ်။ အရှေ့ကင်မရာငယ်ကတော့ 5MP  ပါရှိပါတယ်။ Memory ပိုင်းမှာ Internal memory 16GB, RAM 2GB ရှိတဲ့ Standard Edition နဲ့ Internal memory 64GB, RAM 3GB ရှိတဲ့ High Edition ဆိုပြီး version  ၂ မျိုး ခွဲခြားထုတ်လုပ်ပေးထားပါတယ်။

၎င်းမှာ ထည့်သွင်းပေးထားတဲ့ Mediatek deca-core Helio X20 processor က စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်တိကျမှု ရှိပါတယ်။ Xiaomi အနေနဲ့ Redmi Note 3 အထိ Qualcomm Snapdragon ကိုပဲ သုံးထားတာတွေ့ရပြီး အခု Note 4 မှသာ MediaTek ကို စတင်ပြောင်းလဲသုံးစွဲခြင်း ဖြစ်ပါတယ်။ ၄င်းရဲ့ လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေ၊ အနေတော် မျက်နှာပြင်အရွယ်အစားတွေနဲ့ ထောက်ပံ့ပေးထားတဲ့ internal memory တင်မကသေးပဲ micro SD card ကို 256GB အထိ ထပ်မံထည့်သုံးနိုင်မှာဖြစ်တာကြောင့် HD ဂိမ်းကြီးတွေကို အဆင်ပြေပြေ ကစားနိုင်ပါတယ်။ Facebook, twitter, Instagram စတဲ့ social network တွေကို အသုံးပြုရတာလည်း ဘာချို့ယွင်းချက်၊ အားနည်းချက်မှ မရှိစေနိုင်တဲ့အပြင် ဗီဒီယိုတွေကိုလည်း စိတ်တိုင်းကျ ကြည့်ရှုနိုင်မှာ သေချာပါတယ်။

ဒါ့အပြင် အရည်အသွေးမြင့်မားပြီး စွမ်းအားပြည့်ဝတဲ့ Non-removable Li-Po 4100mAh ကြောင့် ဖုန်းဘက်ထရီ လုံလောက်မှုမရှိတာတွေ အားခဏခဏ ပြန်သွင်းရတဲ့အခက်အခဲတွေ မရှိနိုင်ပါဘူး။ ဒီလို budget ဖုန်းမျိုးမှာ ဒီလောက်ဘက်ထရီစွမ်းအားကို ထောက်ပံ့ပေးနိုင်တာ အလွန်တွေ့ရခဲပါ တယ်။ ဘက်ထရီစွမ်းအား ပြန်သွင်းတဲ့အခါမှာလည်း fast battery charging စနစ် ပါရှိတဲ့အတွက် အချိန်တိုအတွင်းမှာ ခဏလေးနဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်မှာပါ။ Xiaomi Redmi Note 4 မှာ Android OS, v6.0 (Marshmallow) ကို run ပေးထားပါတယ်။

ကြည်လင်ပြတ်သားတဲ့အသံတွေကို ပေးစွမ်းနိုင်တဲ့ loudspeaker စနစ်ကို ပံ့ပိုးပေးထားပြီး ဆူညံသံတွေကို အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလှလှလေးကို ပိုမိုပေါ်လွင်အောင် ရွှေရောင်၊ ငွေရောင်နဲ့ ခဲရောင်ဆိုတဲ့ မျက်စိထဲမှာ ငြိမ်တဲ့အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ အရောင်နဲ့ ဒီဇိုင်းပုံစံကို လူကြီး၊ လူငယ်မရွေး အသုံးပြုလို့ သင့်တော်ပါတယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ဝန်ဆောင်မှုမျိုးကို ရရှိနိုင်ပဲဖြစ်ပါတယ်။

Battery Life

Xiaomi Redmi Note 4 မှာ Non-removable 4100mAh ဘက်ထရီကို ထည့်သွင်းပေးထားတာကြောင့် ဘက်ထရီစွမ်းအားက သာမန်ဖုန်းတွေထက် ပိုမိုစွမ်းအားမြင့်မားမှုရှိပြီး အရင်ထုတ်ခဲ့တဲ့ Note 3 ထက် 100mAh လောက် ပိုမိုပါရှိပါတယ်။ ဒါ့အပြင် Fast battery charging စနစ်ကိုလည်း ထောက်ပံ့ပေ ထားပါသေးတယ်။

Design

ဒီဇိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် Note 3 ထက် အနည်းငယ် ပိုမိုကြည့်ကောင်းလာပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားပါတယ်။ ဘေးဘက်ထောင့်စွန်းတွေက အချိုးကျလှပပြီး ထုတ်လုပ်ပေးထားတဲ့ အရောင်တွေက ငြိမ်ငြိမ်လေးတွေ ဖြစ်တဲ့အတွက် ခမ်းနားထည်ဝါမှု ရှိပါတယ်။

Processor

Xiaomi က အခု Note 4 မှသာ ထူးထူးခြားခြား MediaTek ကို စတင်အသုံးပြုထားပြီး 2.1GHz MediaTek Helio X20 MT6797 processor ရဲ့ လျင်မြန်တိကျတဲ့ အတွေ့အကြုံသစ်တွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Graphic card ပိုင်းမှာလည်း Mali-T880 MP4 ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

Display and Camera

Xiaomi Redmi Note 4 ၄ ရဲ့ ၅ လက်မခွဲကျယ်တဲ့ IPS LCD capacitive touchscreen display က 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသနိုင်ပြီး ၁ လက်မ အတိုင်းအတာမှာ ဆိုရင်တော့ ~401 ppi pixels သိပ်သည်းဆပမာဏကို ရရှိစေမှာပါ။ 13MP resolution ရှိတဲ့ အနောက်ကင်မရာနဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Verdict

Xiaomi Redmi Note 4 ဟာ ဖုန်းနောက်ကျောဘက်မှာ လုံခြုံစိတ်ချရတဲ့ fingerprint sensor ပါရှိပြီး လုပ်ဆောင်ချက် လျင်မြန်တိကျသလို အရည်အသွေးမြင့် ဘက်ထရီစွမ်းအားတွေကို ပေးစွမ်းနိုင်မယ့်အပြင် ဈေးနှုန်းသင့်တင့်မျှတမှုရှိတဲ့ အဆင့်မြင့်စမတ်ဖုန်းကောင်းတစ်လုံးပဲ ဖြစ်ပါတယ်။

Price » 213,000 Ks  Contact Phone » 01-224502 ( CTM )

Specification

» Network : GSM/CDMA/HSPA/EVDO/LTE (Dual-SIM)

 » Weight : 175 g

 » Display : 5.5", IPS LCD capacitive touchscreen

 » Dimensions : 5.94 x 2.99 x 0.33 inch

 » Memory : 64GB, 3GB RAM, microSD, up to 256GB

 » Camera : 13 Megapixel, Front : 5 Megapixel autofocus, dual-LED (dual tone) flash, Geo-tagging,   touch focus, face/smile detection, panorama, HDR » Connectivity : GPS, WLAN, Bluetooth v4.2, microUSB v2.0

 » OS : Android OS, v6.0 (Marshmallow) 

» Chipset : Mediatek MT6797 Helio X20 »CPU : Deca-core 2.1GHz, GPU : Mali-T880 MP4 

» Feature : MIUI 8.0

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Clash Of Clan Update (12.10.2016)

Written By Myanmar Youths Technology Group on Wednesday, October 12, 2016 | October 12, 2016

Coc ချစ်သူများအတွက် Super Cellမှ Clash Of Clanကို 12.10.2016မှာ updateလုပ်ပေးလိုက်ပါပြီဗျာ။

ယခုUpdateမှာ ဘာတွေပါဝင်လဲဆိုတော့-

🌟 ပါမယ့် အသစ်များနဲ့ Balance လုပ်ထားသောအရာများ 🌟

- TH8 မှာ Bomb Tower စတင်ဆောက်လို့ရပြီး TH10 မှာ

ဒုတိယ တခုဆောက်လို့ရပါမယ်

- Troop level အသစ်တွေကတော့ Dragon (6), wiz (7),

BG (5) တို့ပါ

- Defence level အသစ်တွေကတော့ Xbow (5), Motor (10)

Tesla (9) တို့ဖြစ်ပါတယ်

- TH11 မှာ Wall 25 ခုထပ်မံဆောက်လို့ရပါမယ်

- Upgrade တင်ရမယ့် ကုန်ကျစရိတ် နဲ့ အချိန်တွေကို 

တော်တော်များများလျှော့ပေးထားပါတယ်

- Witch နဲ့ skeleton spell တို့ကို အဆင့်မြှင့်ပေးထားပါတယ် 

(ဘာတိုးထားလဲဆိုတာ သိပြီးလောက်ပြီထင်ပါတယ် 😁)

- Clan war ကိုညီမျှစေရန်ပြန်လည်ပြင်ထားပြီး bonus, XP

တို့ရမယ့် စည်းကမ်းအသစ်တွေကိုလဲတိုးထားပါတယ် 😁

🌟 Quick Train Feature အသစ်ထည့်ပေးထားပါတယ် 🌟

🌟 Friendly War အသစ်ထည့်ပေးထားပါတယ် 🌟

🌟 အခုမှသတင်း အသစ်ကတော့ အောက်ပါအတိုင်းပါ 🌟

- ကိုယ့်ရဲ့ COC profile ထဲမှာ သူငယ်ချင်းတွေ add ထားလို့

ရပါပြီ (FB မှာ add သလိုမျိုး ထင်ပါ့... အဲ့ကျရင် ကျွန်တော့်ကို

လဲ add ကြဦး 😝)

- Player တယောက်ကို Player tag နဲ့ရှာဖွေနိုင်ပါပြီ 

(Clan တခုကို Clan tag နဲ့ရှာသလိုပေါ့ 😉)

- Friendly challenge လုပ်တဲ့အခါ Challenge လုပ်မယ့်

Base ပုံထဲက အလှဆင်တဲ့ ပစ္စည်းတွေ (ပန်းလေးတွေ, မီးတိုင်

လေးတွေ) ကိုရွှေ့ပြောင်း မယ်ဆိုရင် အဲ့ base ကို 24 hours 

သုံးလို့မရတဲ့ အချက်ကို ဖျောက်လိုက်ပါပြီ 

(Decoration တွေပဲနော် defence တွေနေရာပြောင်းရင် အဲ့ 

Layout သုံးဖို့ ၁ရက်စောင့်ရမယ် 😁)

- Friendly challenge လုပ်တဲ့အခါ Hero တွေ upgrade တင်

နေလည်းပဲ ပြန်လည်တိုက်ခိုက်ပေးတော့မှာပါ 😉

ဒီလောက်ဆို Coc updateကို ဆွဲဖို့ Ready ဖြစ်နေလောက်ပြီထင်ပါတယ်ဗျာ။

 

>>> Click To Download COC Update <<<

အဆင်ပြေကြပါစေဗျာ

    

The description of Clash of Clans

From rage-­filled Barbarians with glorious mustaches to pyromaniac wizards, raise your own army and lead your clan to victory! Build your village to fend off raiders, battle against millions of players worldwide, and forge a powerful clan with others to destroy enemy clans.

PLEASE NOTE! Clash of Clans is free to download and play, however some game items can also be purchased for real money. If you do not want to use this feature, please set up password protection for purchases in the settings of your Google Play Store app. Also, under our Terms of Service and Privacy Policy, you must be at least 13 years of age to play or download Clash of Clans.

A network connection is also required.

FEATURES
● Build your village into an unbeatable fortress 
● Raise your own army of Barbarians, Archers, Hog Riders, Wizards, Dragons and other mighty fighters
● Battle with players worldwide and take their Trophies
● Join together with other players to form the ultimate Clan
● Fight against rival Clans in epic Clan Wars 
● Build 18 unique units with multiple levels of upgrades
● Discover your favorite attacking army from countless combinations of troops, spells, Heroes and Clan reinforcements 
● Defend your village with a multitude of Cannons, Towers, Mortars, Bombs, Traps and Walls
● Fight against the Goblin King in a campaign through the realm

PLAYER REVIEWS 
Clash of Clans proudly announces over five million five star reviews on Google Play.

Clash of Clans Android version FAQs:

Q1: Clash of Clans (COC) is an online game or offline game, do I need Internet connection to play it?

Apparently, Clash of Clans is an online game, it requires Internet access in order to provide players gameplay and social content to your gaming experience, as well as the ability to play live with the rest of the Clash community.

Q2: Why do I keep losing connection?

For a smooth Clash of Clans gaming experience, it's very important that you are connected to a stable network and Android device's signal is strong enough. Full wifi bars or mobile data coverage alone is not always enough to guarantee a solid connection, because local networks can slow down and get overburdened at times. This is especially true if you play in a moving vehicle or on underground public transport. As with any other online service, we recommend playing over wifi with a good internet service provider, or at least a solid 3G/4G connection with a reliable carrier.

Q3: Clash of Clans Android game keeps crashing, what to do next?

Note: Better experience Clash of Clans for Android, you need check the minimum requirements first: 0.5 GB of RAM (1GB or more recommended), Android OS 4.0.3 or newer. screen resolution 800x480 or higher.

Take following steps to fix Clash of Clans crashing problem.

1. Close the app and relaunch it. Power your device off and back on, then try re-launching the app. Remove the app and then re-install it.

2. Make sure you've downloaded the latest version game from the Google Play Store. Or you can download and update Clash of Clans APK file on APKPure.com.

3. Free up device memory by closing running unused background apps.

4. Clear up more storage memory by uninstalling apps you don't use. Also, try to transfer or backup videos and pictures from your Android device.

Q4: About Clash of Clans COC game the next update?

Supercell has revealed that it will be hosting a new event on 24 October that might bring a major updates to the popular Clash of Clans video game. Here are some of the things that are rumoured to be part of the next update of Clash of Clans (COC): 

Town Hall 11: Presently, many players are stuck in Town Hall 10 and cannot move further; they have to be content with raiding other bases and upgrading their defences. If Supercell opens up Town Hall 11, it is likely to bring a plethora of new things to the game. It has the chance to reinvigorate it and push more content. It has been predicted that this might bring upgrades to spells.

Single Player maps: This will be a boon to players who have loved to play single player modes or for players to test out their new skills and strategies.

Level 8 Barbarians: It is also possible that with the upgrade to Town Hall 10 Clash of Clan players might also get powerful new Barbarians from Level 7 to Level 8.

Clan Tourneys: It has been predicted that the new upgrade could include 5v5 and 10v10 people tournaments that could be incentivised with bigger rewards like gems and loots.

Dark Troop upgrade: With the upgrade of Town Hall 10, Dark Troops could also be levelled up or there might be new troops to cater to fans.

New Hero: Several new updates have come to the game but there has been no new Hero of the likes of King and Queen. This new character could have the ability to power up and evolve.

For More Clash of Clans Game Update Announcements: Learn More

SUPPORT
Chief, are you having problems? Visithttp://supercell.helpshift.com/a/clash-of-clans/ orhttp://supr.cl/ClashForum or contact us in game by going to Settings > Help and Support.


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

MEC TELမှ Sim Cardမှတ်ပုံတင်ရန်တိုက်တွန်း

Written By Myanmar Youths Technology Group on Sunday, October 9, 2016 | October 09, 2016


MPT လက်အောက်ခံ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို လုပ်ကိုင်နေတဲ့ MECTel က ၎င်းရဲ့ ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။ 800MHz မိုဘိုင်းဖုန်းလိုင်းတွေကို ဝန်ဆောင်မှုပေးအပ်နေတဲ့ MECTel ဟာ ၎င်းရဲ့ အရောင်းဆိုင်တွေရှိတဲ့ နေရာတွေမှာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းတွေ လုပ်ဆောင်ဖို့ အတွက် တောင်းဆိုခဲ့တာပါ။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ပြည်ပက ဝင်ရောက်လာတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေက အွန်လိုင်းကနေ လုပ်ဆောင် နိုင်ဖို့ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ MPT နဲ့ ၎င်းရဲ့ လက်အောက်ခံ မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုကို လုပ်ကိုင်နေတဲ့ MECTel ကတော့ အရောင်းဆိုင်တွေမှာ မှတ်ပုံလာရောက်တင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

 

Credit – Internet Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

စတုတ္ထမြောက်အော်ပရေတာလုပ်ငန်းစတင်ရန်အစိုးရခွင့်ပြုချက်သာလိုအပ်

Written By Myanmar Youths Technology Group on Saturday, October 8, 2016 | October 08, 2016


စတုတ္ထမြောက်အော်ပရေတာ လုပ်ငန်းစတင်ရန်

အစိုးရခွင့်ပြုချက်သာလိုအပ်

 

 မြန်မာနိုင်ငံ၏ စတုတ္ထ မြောက်အော်ပရေတာလုပ်ငန်းစ တင်ရန် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိရန် သာလိုအပ်တော့ကြောင်း ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

   စတုတ္ထမြောက်အော်ပရေ တာအတွက် ဆက်သွယ်ရေးလုပ် ငန်းလိုင်စင်ရရှိရန် လွန်ခဲ့သည့်ရက်သတ္တပတ်က လျှောက်တင်ထားပြီးဖြစ်၍ စိစစ်မှုများပြီးစီးပါက မကြာမီချိန်အတွင်း လိုင်စင်ထုတ်ပေးမည်ဟု ယင်းဦးစီးဌာန

ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။

  ‘‘လိုင်စင်မလျှောက်ခင်က တည်းက ကြိုတင်ညှိနှိုင်းဆွေးနွေး မှုတွေ ပြုလုပ်ခဲ့တယ်။ အခုက စိစစ်နေတဲ့ အဆင့်ပေါ့။ Review (ပြန် လည်သုံးသပ်ခြင်း)လုပ်နေတဲ့အ ချိန်မှာ အဆင်ပြေရင်တော့ သိပ် မကြာပါဘူး’’ဟု ဦးမျိုးဆွေက ဆို သည်။

 စတုတ္ထအော်ပရေတာတွင် ပြည်ပကုမ္ပဏီပါဝင်နေ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် ကက်ဘိနက်အဆင့်များ သို့ ဆက်လက်တင်ပြရန်လိုအပ် နေခြင်း ဖြစ်သည်ဟု ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။

‘‘အစိုးရရဲ့ ခွင့်ပြုချက်လို သေးတာပေါ့။ ဘယ်အချိန်မှာ လုပ်ငန်းစတင်မလဲဆိုတာ  ကတ်ဘိ နက်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မှာ မူတည်တယ်။ ကျန်တာပြီးသ လောက်ရှိပြီ’’ဟု ဦးမျိုးဆွေက ရှင်းပြသည်။

မြန်မာအမျိုးသားပိုင် တယ် လီကွန်းကုမ္ပဏီ (MNTH) နှင့် ဗီ ယက်နမ်မှ Vietter ဆက်သွယ် ရေးကုမ္ပဏီတို့ ပူးပေါင်းထား သည့် စတုတ္ထမြောက်အော်ပရေ တာကို ယခုနှစ်လယ်တွင် လုပ်ငန်းစတင်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း အထက်ပါကုမ္ပဏီတို့အကြား အသေးစိတ်ညှိနှိုင်း မှုများပြုလုပ်နေရ၍ ကြန့်ကြာနေ ရခြင်း ဖြစ်သည်။

 

Credit – 7daydaily


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဘွဲ့ရလူငယ်များအားတယ်လီနောက အလုပ်သင်ခန့်မည်


တက္ကသိုလ်ကျောင်းသားနှင့် ဘွဲ့ရလူငယ်များအား

တယ်လီနောက အလုပ်သင်အဖြစ် ခန့်အပ်မည်

 

ပညာသင်ကြားဆဲနှင့် ဘွဲ့ရပြီးစ ကျောင်းသား၊ ကျောင်း သူများအတွက် တယ်လီနော မြန်မာကုမ္ပဏီက အလုပ်သင်ဝန် ထမ်းခန့်အပ်ခြင်းအစီအစဉ်ကို စတင်ကြောင်း အောက်တိုဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အစိုးရနှင့် ပုဂ္ဂလိက တက္က သိုလ်၊ ကောလိပ်ခြောက်ခုမှ အ လုပ်သင်ဝန်ထမ်းလျှောက်ထား သူ ၂၀၀ ခန့်အနက် ၂၆ ဦးကို တယ်လီနောမြန်မာ၏ ပထမဆုံး အလုပ်သင်ဝန်ထမ်းခန့်အပ်ခြင်း အစီအစဉ်၌ ပါဝင်ခွင့်ရရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘အလုပ်သင်ဝန်ထမ်းတွေ အနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းအ ဖွဲ့တွေရဲ့ လုပ်ငန်းဆောင်တာ တွေကို ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် သူတို့ရဲ့ ရှိနှင့်ပြီးသား အသိပညာတွေကို တိုးတက်လာ စေပြီး သက်ဆိုင်ရာလုပ်ငန်းခွင် အတွက် အဆင်သင့်ဖြစ်နေစေမှာ ပါ’’ဟု တယ်လီနောမြန်မာ Chief People Officer (CPO) Anne Birgitte Kverum က ပြောသည်။

အထက်ပါ တက္ကသိုလ်၊ ကောလိပ်ခြောက်ခုသည် နည်းပညာတက္ကသိုလ် (သန်လျင်)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ အမျိုးသားစီမံခန့်ခွဲမှု ပညာ ဒီဂရီကောလိပ်၊ Myanmar Imperial College နှင့် Human Management Institute တို့ဖြစ် ပြီး ရွေးချယ်ခံရသည့် ဝန်ထမ်းများသည် လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး၊ စီးပွားရေးလည်ပတ် မှု၊ နည်းပညာ၊ သင်ယူလေ့လာ ရေး၊ ဈေးကွက်ရှာဖွေရေး၊ ကော် ပိုရိတ်ဆိုင်ရာ ဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဝင်ရောက် သင်ယူလေ့လာခွင့်ရရှိမည်ဟု တယ်လီနောမြန်မာက ဆိုသည်။

တယ်လီနော၏ အလုပ်သင် ဝန်ထမ်းအစီအစဉ်အရ အလုပ် သင်ဝန်ထမ်းတစ်ဦးက တစ်လမှ သုံးလအထိ လေ့လာရမည်ဖြစ်ပြီး ပြီးဆုံးချိန်တွင် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်မည်ဖြစ် ကြောင်းနှင့် အဆိုပါအစီအစဉ် ကို မြန်မာနိုင်ငံတစ်ဝန်းရှိ တက္က သိုလ်များနှင့် ပူးပေါင်း၍ ဆက် လက်တိုးချဲ့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နည်းပညာဆိုင်ရာ အလုပ် သင်ဝန်ထမ်း ခန့်အပ်ခြင်းအစီအ စဉ်ကို အဲရစ်ဆင်ကုမ္ပဏီနှင့် KBZ Gateway ကုမ္ပဏီ စသည့်နည်း ပညာကုမ္ပဏီများကလည်း အ ကောင်အထည်ဖော်လုပ်ဆောင် နေလျက်ရှိသည်။

 

Credit – 7daydaily


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246